Posts

မြောက်ဦးခေတ် သဇာတမင်း ဒင်္ဂါး။ ( 1515 -1521 A D)

Image
မြောက်ဦးခေတ် သဇာတမင်း ဒင်္ဂါး။ ( 1515 -1521 A D)  ======================= သဇာတမင်း၏ ဒင်္ဂါး၌ နှစ်ဘက်စလုံးတွင် ပါရှန်အက္ခရာဖြင့် ရေးထိုးထားသည်။  အချင်း- ၂၉ မီလီမီတာမှ ၃၀ မီလီမီတာထိရှိကြပြီး၊ အလေးချိန်-၈ ၈၉ / ၉.၈၅/ ၁၀.၁၇ ဂရမ် ထိရှိကြသည်။ သဇာတမင်း ဒင်္ဂါး မျက်နှာဘက်၌ရေးထိုးထားသော ပါရှန်စာကို ဒင်္ဂါးသုတေသီ မီချီနာစာက “La ilah ala/ Allah Mohammed/rasul Allah/ khalad Allah/mulkahu”=(  လာအီလာဟ်အလာ/အလ္လာဟ်မိုဟမ္မဒ်/ရဆူလ်အလ္လာဟ်/ ခါလဒ် အလ္လာဟ်/မူလ်ကာဟူ) ဟူ၍လည်းကောင်း၊  ကျောဘက်ပါ ပါရှန်စာကို “Al – Sultan/ I- rahman abu/ al-muzaffar alishah/al-sultan khalad/ allah mulkahu”=(အလ်ဆူလတန် /အိုင် ရဟ်မန် အဘူ/ရဟ်မန်အဘူ/အလ်မူဇာဖား အလီသျာ/ အလ်ဆူလ်တန်ခါလဒ်/ အလ္လာဟ် မူလ်ကာဟူ)  ဟူ၍လည်းကောင်း ဖတ်ရှုဖော်ပြထားသည်။  ဒင်္ဂါးသုတေသီ ရောဘင်ဆင်-အလ်အေရှောတို့ ရေးသားသော “The Coins and Banknote of Burma” မြန်မာ့ဒင်္ဂါးနှင့် ငွေစက္ကူများအကြောင်း စာအုပ်တွင် သဇာတမင်းဒင်္ဂါးပါ ရှေ့ဘက်စာကို“La ilah alla/ Allah Mohammed/rasul Allah/ khallad Allah/al mulkahu”=(  လာအီလာဟ်အလာ/အလ္လာဟ်မိုဟမ္မဒ်/ရဆူ...

ရက္ခပူရ သာသနာရေးရာ အဖြာဖြာ

Image
ရက္ခပူရ သာသနာရေးရာ အဖြာဖြာ  ================== ရခိုင်ပြည်တွင် ရှေးရခိုင်ဘုရင်များလက်ထက်က ဗဟုစာရဂိုဏ်း (ဂါမဝသီ) နှင့် အရညဝါသီသံဃာ ဧကစာရဂိုဏ်း (အရညဝါသီ) ဟူ၍ နှစ်မျိုးသာ သတ်မှတ်ကြောင်း သိရ၏။ ထိုသံဃာတော်များ ကိုလည်း မဟာသုဓမ္မာနိကာယာ (ကံဂိုဏ်း) ဝင် သံဃာတော်များဟုသာ ခေါ်ဝေါ်ကြသည်ဟု ဆို၏။သို့ရာတွင် သံဃာဂိုဏ်းမှာမူ တစ်ခုတည်းသာ ဖြစ်သည်ဟု သက်တော်ရှည် မဟာထေရ်များ၏ မိန့်ကြားချက်အရ သိရပါသည်။   ထိုသို့ သမိုင်းအစဉ်အလာကြီးမားသော ရက္ခပူရ မဟာသုဓမ္မာဂိုဏ်းသည် ၁၁၄၆ ခုနှစ် အထိ အစဉ်အဆက် တည်ရှိခဲ့ပါသည်။ ကောဇာ ၁၁၄၆ ( အေဒီ ၁၇၈၄) ခုနှစ်တွင် ရခိုင်ပြည်ကို ဗမာဘုရင် ဗဒုံမင်းက တိုက်ခိုက်သိမ်းပိုက်လေ သည်။ ထို့နောက်တွင် ဗဒုံမင်း၏ စီမံချက်အရ ဗမာတိုင်းရင်းသား ရဟန်းတော်များသည် ရခိုင်ပြည်သို့ကြွရောက်၍ သာသနာရေးရာ ကိစ္စများကို စီမံဆောင်ရွက်ခဲ့ကြသည်ဟု သိရပါသည်။  မြို့ဝန်ခေတ် ရက္ခပူရ သာသနာရေးရာ =================  ရခိုင်ပြည်ကို ဗဒုံမင်း သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း (၄၀) အတွင်း မြို့ဝန် (၉) ဆက် အုပ်ချုပ်ခဲ့သည်ဟု သိရသည်။ ထိုခေတ်ကို မြို့ဝန်ခေတ်ဟု ခေါ်ကြပြီး မြို့ဝန်ခေတ်တွင် ရခိုင်ပြည်သာသနာသည် ကမောက်ကမ ...

ရခိုင်စစ်ပညာကျမ်း

Image
ရခိုင်စစ်ပညာကျမ်း  @@@@@@@ ရခိုင်သျှင်ဘုရင် မင်းဖလောင်လက်ထက် ရွီးထားခဲ့သော ကာမန္တကီနိတိသာရကျမ်း ( ရခိုင်စစ်ပညာကျမ်း ) မိတ္တူမူ မှတ်ချက် --------- Ko Rakhine - ဓာတ်ပုံ အစ ယူဆောင်ခဲ့သည်။

ရခိုင်လူတို့၏ ဓညာဝုဓ အမြောက်ကြီးကို ဗမာတို့က ဝဇိရာဝုဓ အမြောက်ကြီး

Image
ရခိုင်လူတို့၏ ဓညာဝုဓ အမြောက်ကြီးကို   ဗမာတို့က ဝဇိရာဝုဓ အမြောက်ကြီး =-=-=-=-=-=-=-=-=-=-=-=-=-=-= ရခိုင်နိုင်ငံတော် ကျဆုံးခဲ့ရပြီး ရခိုင်ပြည်က သိမ်းပိုက်ယူဆောင်ခဲ့သော အမြောက်ကြီးကို ဤသို့ ဖော်ပြလိုက်စည်။ ရတနာပုရစတုတ္တမြို့တည် နန်းတည် ဘဝရှင် မင်းတရားကြီး အမိန့်တော်မြတ်ဖြင့် အတွင်းဝန်မင်းကြီး #သီရီမဟာနန္ဒသင်္ကြံ မေးဆိုချက်ကို မင်းတိုင်ပင် အမတ်ကြီး #မဟာဓမ္မသင်္ကြံ,,သည် ရခိုင်ဆိုင်ရာ အကြောင်းအရာများကို သူ၏ကျမ်း၌ ရေးသားခဲ့ပြီး၊ အထူးထူးသော ကျမ်းဂန်တို့မှ ထုတ်နှုတ်ရေးသား ဖြေဆိုအပ်သည် မြန်မာပြည် သာသနာဝင်,ဟု ဆိုအပ်သော သာသနာလင်္ကာရ စာတမ်း,,ဟူ၍ စာအုပ်၌လည်း ဖော်ပြထားသည်ကို သင်တို့ တွေ့ရှိရမည်သာ ဖြစ်သည်။ #နေမျိုးဇေယျကျော်ထင်( ခေါ် )ဇေယျကျော်ထင်,၏ မဇ္ဈိမဒေသ အရေးတော်ပုံကျမ်း စာအုပ် ၂၀၂-တွင် ဓညဝတီမြို့က မင်းအဆက် ဆက် မရဖူးသော ဓညာဝုဓ အမြောက်ကြီးကို ရတော်မူသည်ကို လည်းကောင်း အစွဲအမှတ်ပြု၍ လက်နက်စကြာသခင်,,ဟူ၍လည်း တွင်၏ ,,ဟူ၍ ဖော်ပြထားသည်ကို သင်တို့ တွေ့ရှိရမည်သာ ဖြစ်သည်။ ရခိုင်က သိမ်းပိုက်ယူဆောင်သွားသော ဓညာဝုဓ အမြောက်ကြီး,ကို မန္တလေး နှစ်( ၁၀၀ )ပြည့် စာအုပ်၌ ဝဇိရာဝုဓ အမြောက်,,ဟူ၍ ခေါ်ဝေါ်ထားကြောင်းကိုလ...

မြောက်ဦး Mrauk U

Image
ဗမာတစ်ယောက် ရေးထားတဲ့ စာသားတွေ ကြိုက်လို့.. Copy ယူတင်ခြင်းပါ။ ******************* မြောက်ဦး တဲ့ 🖤 အလယ်ချောင်းက မြွေနဂါးတွေလို တစ်မြို့လုံးကို ရစ်ခွေစီးနေတယ်  အဦးဆုံး ပြီးမြောက်အောင်မြင်ခဲ့လို့ မြောက်ဦး လို့ တွင်ပါသတဲ့ မြင်ယောင်ကြည့်ပါဦး လက်ဦးအစ တည်သူမင်းစောမွန်က သူ့အသက်ထက် မြို့သက်ကို ပိုရှည်အောင် တည်ခဲ့သတဲ့ ဒါ့ကြောင့် မြောက်ဦးမြို့သက်က ၃၅၄ နှစ်ထိ မင်းပေါင်း ၄၉ ပါး ရှိခဲ့ပေမယ့် သူ့နန်းသက်က ၃ နှစ်ပဲ ရှည်ခဲ့တယ် ဒီလိုဘုရင်တွေကြောင့်မို့ သီလနဲ့ အုပ်ချုပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံ တွင်တာပေါ့ ဘားဘူရှိယင့် ဆန့်ရှိယင့် တဲ့ ပြည်သူတွေ လိုသလောက် ဆန်ကို ထုတ်ယူဖို့ စပါးကျီတွေကို အမြဲတန်း တံခါးဖွင့်ထားတဲ့ မြို့ အတိုးမဲ့ ငွေတွေကို ဘုရင်ကိုယ်တိုင် ထုတ်ချေးပေးတဲ့မြို့ ဘုရင်ကိုယ်တိုင် ပြည်သူ့လယ်ထဲဆင်းပြီး အထွက်ကောင်း မကောင်း စစ်ပေးခဲ့တဲ့ မြို့ ဂျပန်ဆာမူရိုင်းတွေ ပေါ်တူဂီတွေအပါအဝင် ကိုယ်ရံတော် ၄၂၀၀၀ ထိ ခန့်နိုင်အောင် ဘုန်းတန်းခိုးကြီးခဲ့တဲ့ မင်းတို့ရဲ့ မြို့ ဘင်္ဂလား ၁၂ မြို့ကို အင်ပါရာ ချဲ့နိုင်ခဲ့တဲ့ထိ စစ်အင်အားကြီးခဲ့တဲ့ မြို့ ဒင်္ဂါးပြားမှာ ရခိုင် နဲ့ အာရဗီဘာသာအထိ သွန်းလုပ်နိုင်လောက်အောင် အရှ...

ရခိုင်ဝေသာလီခေတ် အာနန္ဒစန္ဒြမင်း ကျောက်စာပါ ဒုတိယမင်းဆက် ဒင်္ဂါး

Image
ရခိုင်ဝေသာလီခေတ်  အာနန္ဒစန္ဒြမင်း ကျောက်စာပါ ဒုတိယမင်းဆက် (အေဒီ 290-520) က မင်းတွေ ခပ်နှိပ်ခဲ့သော ဒင်္ဂါး(တမတ်ခပ်)။  ကွင်းဆင်းလေ့လာတွေ့ရှိမှုထဲက တစ်ခု Credit Razar Min 

ကျွဲကျောင်းသံ ကဗျာကို ရေးသားသူသည် ရခိုင်ပြည် ကျောက်ဖြူမြို့ ဇင်ချောင်းရွာ ပထမ ဆရာတော် ဦးနန္ဒိယ ရေးဖွဲ့ခဲ့ပါသည်

Image
Copy Post  ဖုံးလီပေါ်လီ ရက္ခိုင့်စာပီ **************** ကျွဲကျောင်းသံ ကဗျာကို ရေးသားသူသည် ရခိုင်ပြည် ကျောက်ဖြူမြို့ ဇင်ချောင်းရွာ  ပထမ ဆရာတော် ဦးနန္ဒိယ  ရေးဖွဲ့ခဲ့ပါသည် (အလယ်တန်းအဆင့်တွင် ဖတ်ခဲ့ရသော ကဗျာ တစ်ပုဒ်ဖြစ်ပါသည် သို့သော် ကဗျာရေးသူအမည် *အမည်မသိ ရှေးစာဆို*ဟု ပေါ်ပြထားကြသည်) အမည်မသိရှေးစာဆို မဟုတ်ပါ ကျွန်တော်ရို့ ရမ္မာပူရကျွန်း ဇင်ချောင်းရွာဇာတိဖြစ်ပါသည် *ကျွဲကျောင်းသံ ကဗျာ* "မက္ကလာယေ ရိုင်ရိုင်၊ ရိုင်ရိုင် ကြိမ်သားတုတ်ကို နနောင်းကိုင်၊ ကယိုင်ကပါး၊ တောမြိုင်မြိုင်ကေ၊ တောင်ဂျိုင်ကြားမှာ ကျွဲကျောင်းလားရေ။ ဟူး..ရေ..ရေ..ဟူး.. "အစ်ကိုမပါ ညီ မပါ၊  ကြိမ်သားတုတ်ကို နနောင်းကိုင်၊ ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ၊ တောင်ဂျိုင်ကြားမှာ ကျွဲကျောင်းလားရေ။ ဟူး..ရေ..ရေ..ဟူး..။" "ထွေတောင်ဒေတောင်၊ ချောင်မြောင်တလွှား၊ ပိုးပုစဉ်းသံ ညံသသော၊ တောသံလီသံ မဆူညံ၊ နှင်းသံပေါက်ပေါက် တဖြောက်ဖြောက်၊ ပပေါက်ဖောက်သို့ကြားရရေ။  ဟူး..ရေ..ရေ..ဟူး "ဂြောင်းတောင်း ဂြောင်းတောင်၊ ဂြောင်းတောင်းတောင်၊  နက်ပြောင်ခလောင်း ဂြောင်းတောင်းတောင်၊ တောင်ဘယံမှာ သာငြိမ့်ညောင်းပျာ၊ ကြားရရေလေး၊ ကြားရရေ။  ဟ...