Posts

Showing posts with the label ရခိုင် သျှင်မဟာသီလဝံသ ဂဝိဂန္ဓကျမ်း

ရခိုင်သဒ္ဒါနည်းကို သိချင်ရင် ဒီကျမ်းမှာတွေ့နိုင်မယ်ထင်ပါတယ်.. ရေးနည်း ဖွဲ့နည်း ရခိုင် သျှင်မဟာသီလဝံသ ဂဝိဂန္ဓကျမ်း

Image
ရခိုင်သဒ္ဒါနည်းကို သိချင်ရင် ဒီကျမ်းမှာတွေ့နိုင်မယ်ထင်ပါတယ်.. ရေးနည်း ဖွဲ့နည်း ရခိုင် သျှင်မဟာသီလဝံသ ဂဝိဂန္ဓကျမ်း ********* https://drive.google.com/file/d/1_vUgqHoFufFxnD2M1Stdt0L_Q2ESx_Go/view?usp=drivesdk " ရခိုင် အသျှင်သီလဝံသ " ~~~~~~~~~~~~~ ရခိုင်စာပေလောကတွင် အသျှင်သီလဝံသဟူသော ဘွဲ့အမည်တူဖြင့် ကျမ်းပြုရဟန်းစာဆိုတော် နှစ်ပါးရှိခဲ့ပါသည် တစ်ပါးက လေးမြို့ခေတ် အေဒီ ၁၄၁၈ ခုနှစ်က ကဝိကဏ္ဋပါသ ကဝိဂန္ဓ ကျမ်းကိုရေးသားပြုစုခဲ့သော အသျှင်သီလဝံသဖြစ်ပြီး တစ်ပါးက မြောက်ဦးခေတ်အကုန် အေဒီ ၁၇၉၉ ခုနှစ်က နိဗ္ဗာန်သြဇာလင်္ကာနှင့် စကားပြေကျမ်းကို ရေးသားပြုစုခဲ့သော ဒွါရာဝတီတောင်ခွင်တန်း အသျှင်သီလဝံသတို့ဖြစ်ကြသည် ယခုတင်ပြလိုသော ဆရာတော်မှာ ကဝိကဏ္ဋပါသကျမ်းပြုစာဆို အသျှင်သီလဝံသပင်ဖြစ်သည် အဆိုပါ ရခိုင်က အသျှင်သီလဝံသသည် အင်းဝက အသျှင်သီလဝံသနှင့် အသျှင်ရဋ္ဌသာရတို့ထက် အလွန်ရှေးကျသော ဆရာတော်တစ်ပါးဖြစ်သည် ဆရာတော်သည် ရခိုင် မြန်မာစာပေလောကအတွက် ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်ကြီးအဖြစ် ကဝိကဏ္ဋပါသ ကဝိဂန္ဓကျမ်းကိုရေးသားတော်မူခဲ့သည် ယင်းကျမ်းသည်ကား ရခိုင်မြန်မာစာပေလောကအတွက် အလွန်ကျေးဇူးများသော ကျမ်းတစ်ကျမ်းလည်းဖြစ်ခဲ့သ...