သမိုင်းအထောက်အထားကို ကိုယ်လိုရာဆွဲ ခေါင်းစဉ်မတပ်ပါနဲ့။

သမိုင်းအထောက်အထားကို ကိုယ်လိုရာဆွဲ ခေါင်းစဉ်မတပ်ပါနဲ့။ ©©©©©©©©©©©©©©©©©©© ဒိုင်းနက်(ခ)သက္ကမ လူမျိုးများက ရခိုင်ပြည်က သက္ကရာဇ် (၉၄၃ ၊ AD 1581) ဂဠုန်တောင်ဘုရား ကျောက်စာကို မဇ္စျဂီရိအမည်တွင်သော သက်ပြည်၏ အကျယ်အဝန် ဆိုပြီး ပြောဆိုနေကြတာတွေကို ထောက်ပြလိုပါတယ်။ ပုံပါ ကျောက်စာအထောက်အထားမှာ သက်ပြည်အကျယ်အဝန်း ဘယ်ကနေ ဘယ်ထိ ဆိုပြီး မပါဘူး။ ကျောက်စာ အစအဆုံးကို သေချာဖတ် ဘာသာပြန်ကြည့်ကြပါအုန်း။ ************** ဘဝရှင် မင်းဗာကြီး၏ သားတော်ကြီးဖြစ်သော ဘုရင်မင်းတိက္ခါ၏သားတော်လတ်ဖြစ်သော ဘုန်းလက်ရုံးပညာ ပဋိဘန်နှင့် ပြည့်စုံသော မင်းကြီးရွှေညိုသည်။ ဘဝရှင် မင်းဗာကြီး၏ သားတော်လတ်(မင်းဖလောင်း) ဖြစ်သော #သက်ပြည်ကို အစပြု၍ မြုံပြည်တိုင်အောင်ကို ခြေတော်ဆန့်၍ လက်နက်သွင်းတော်ပြုသော ဘုရင်မင်းဖလောင်း၏ သမီးတော်ဖြစ်သော အဆင့်ငါးပါးနှင့်ပြည့်စုံသော စည်းစမ်လျှင် ချမ်းလှသော လောကဒေဝီ အမည်ရှိသော သမီးတော်လတ်နှင့် အိမ်ထောင်ပြုပြီး.. စသဖြင့်ပါရှိ ပါတယ်။ ****************** အတိုချုပ်လျှင်.....ဘုရင် မင်းဗာကြီးမှာ သားကြီး မင်းတိက္ခါ ။ သားလတ် မင်းဖလောင်း ။ ဒီတော့ မင်းတိက္ခါ၏ သားတော်လတ်က မင်းကြီးရွှေ...