အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီခေတ် သင်္ဂါယနာ
အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီခေတ် သင်္ဂါယနာ ************************************* =================================== မောင်ဖြူ(ကြွီတဲကျွန်း) ✏ ✏ ✏ ✏ ✏ ✏ အာနန္ဒစန္ဒြမင်းကျောက်စာကို အဓိပ္ပာယ်အပြည့်စုံဆုံး ဖော်နိုင်ဖတ်နိုင်ခဲ့သူမှာ အောက်စဖို့စ် တက္ကသိုလ် ဘေလီယောကောလိပ်မှ ပါမောက္ခ E.H Johnston ဖြစ်သည်။ ပါမောက္ခဂျွန်စတင်သည် ရန် ကုန်မြိ့မှပို့ပေးသော အာနန္ဒစန္ဒြမင်းကျောက်စာ မင်ကူးဓာတ်ပုံများကို လေ့လာကြည့်ရှုပြီး အင်္ဂလန်မှ နေ ၍ ဖတ်ခဲ့သည်ဟုဆိုသည်။ သူ၏ Some Sanskrit Inscriptions of Arakan စာတမ်းကို နိုင်ငံခြားသား တစ်ဦးအမြင်ဖြင့် ရေးသားတင်ပြခဲ့သောကြောင့် ရခိုင်ဒေသအတွင်း သက္ကရာဇ်ဖြစ်စဉ်၊ သင်္ဂါယနာဖြစ်စဉ်များကို အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ဆက်စပ်တွေးခေါ် မှုမရှိခဲ့ခြင်းကြောင့် အာနန္ဒစန္ဒြမင်း၏ကုသိုလ် ကောင်းမှုများကို ကမ္ဗည်းရေး ထိုးကြေညာထားသော သြဘာစာ ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ် သည် ဟုယူဆရသည်။ ဂျွန်စတင် စာတမ်းထွက်လာပြီး နောက်ပိုင်း ထုတ်ဝေရေးသား ကြသောစာအုပ်စာ...