ရခိုင်လူမျိုးတို့၏ ရိုးရာခေါင်းဆောင်း မက္ကလာ

တိုင်းရင်းသားရေးရာ ============ ရခိုင်လူမျိုးတို့၏ ရိုးရာခေါင်းဆောင်း မက္ကလာ ================================ အောင်ကြည်မိုး(စစ်တွေ) “ မက္ကလာယေ ရိုင်ရိုင်၊ ကြိမ်သားတုတ်ကို နနောင်းကိုင် ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ တောင်ကျိုင်ကြားမှာ၊ ကျွဲကျောင်းလားရေ…..ဟူး…ရေ..ရေ…ဟူး…” အမည်မသိရှေးစာဆို- (သတ္တမတန်း မြန်မာစာသင်ရိုးထဲမှ ရခိုင်တေးကဗျာ ) ရှေးရခိုင်ဘိုးဘေးဘီဘင်တို့သည် ဝါးထည်နှင့်ကြိမ်ထည် ရက်လုပ်ခြင်းအတတ်ပညာရပ်ကို မိရိုးဖလာ လက်ဆင့်ကမ်း တတ်မြောက်လာကြသူများပင်ဖြစ်သည်။ တောင်သူများက လယ်ယာလုပ်ငန်းတွင်လိုအပ်သော ခမောက်၊ မက္ကလာ၊ တောင်း၊ ပလုံး စသည်တို့ကို ကိုယ်တိုင်ရက်လုပ်အသုံးပြုတတ်ကြသကဲ့သို့ ရေလုပ်သားတို့သည်လည်း ရေလုပ်ငန်း တွင်လိုအပ်သောပစ္စည်းများကို ကိုယ်တိုင်ရက်လုပ်အသုံး ပြုကြရသည်။ ကျေးလက်ဒေသမှ ရခိုင်အမျိုးသမီးများဆိုလျှင်လည်း ငါးဖမ်းရာတွင် အသုံးပြုသောပစ္စည်း မြှုံး၊ ပလုံး၊ တောင်းအမျိုးမျိုး စသည်များကို ရက်လုပ်တတ်ထားကြ ရသည်။ ရိုးရာရက်ကန်းရက်လုပ်ငန်းကို တတ်ထားကြရ သလို ယောကျ်ားသားများ လယ်ယာလုပ်ငန်းခွင်၌အသုံးပြု နိုင်ရန် မရှိမဖြစ်ပစ္စည်း မက္ကလာ၊ တောင်း၊ ပလုံးများရက် လုပ်နည်းကိုလည်း တတ်မြောက်အေ...