အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်များအကြောင်း
ရခိုင်သည် BC ခေတ်ကတည်းကဆိုတာ ပိုထင်ရှားလာသည် Razar Min Wednesday at 8:47 PM အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်များအကြောင်း ================================ *********************************************** အာနန္ဒစန္ဒြမင်းကျောက်စာတွင် မင်းဆက် (၃) ဆက်ပါရှိသည်။ ထိုမင်းဆက် (၃)ဆက်တွင် မင်းပေါင်း (၃၇) ပါး ရှိသည်။ အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်များ သက်တမ်းသည် ကျောက်စာအလိုအရဆိုလျှင် ဘီစီ ( ၈) ရာစု မှ အေဒီ (၇) ရာစုအတွင်း စိုးစံခဲ့သော မင်းများ ဖြစ်သည်ဟု ယေဘူယျအားဖြင့် ပြောနိုင်ပါသည်။ သို့သော် အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်ကို (၈ ရာစု ဘီစီ ) ကဟု အဘယ် ကြောင့် ပြောနိုင်သနည်းဟု မေးစရာရှိသည်။ ယင်းမေးခွန်းကို ဖြေလိုသည်က အာနန္ဒစန္ဒြမင်း ကျောက်စာ အောက်ဆုံးစာကြောင်းပါ (ဧကာဒဿမ=၁၁) ကို ခရစ်နှစ်ပြောင်းကာ [၁၁+၆၃၈= A.D 649 ] ကို အောက် မှ အထက်သို့ မင်းတို့၏ နန်းစံနှစ်များအတိုင်း ရေတွက်လာလျှင် ပထမ မင်းဆက်၏ အပေါ်ဆုံး မင်း သည် (B.C 770) အစဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဤသို့ ဖြစ်ရသည်မှာ ကျောက်စာပါ နန်းစံနှစ် (၁၂၀) အတိုင်း တွက်ယူလာသောကြောင့် အောက်ပါအတိုင်း တွေ့မြင်ရခြင်းဖြစ်ပါသည်။ မင်းဆက်ဇယား(ပုံ-၁)က...