Posts

Showing posts with the label ကမ္ဘာပေါ်တွင်ထီးနန်းစိုးစံသက်တမ်းအရှည်ဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင် ပုဂ္ဂိုလ် ၃ ဦးထဲတွင် ရခိုင်ဘုရင် မင်းထီး ပါဝင်နေပါသည်။

ကမ္ဘာပေါ်တွင်ထီးနန်းစိုးစံသက်တမ်းအရှည်ဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင် ပုဂ္ဂိုလ် ၃ ဦးထဲတွင် ရခိုင်ဘုရင် မင်းထီး ပါဝင်နေပါသည်။

Image
( ရခိုင်ဘုရင် မင်းထီး ) ကမ္ဘာပေါ်တွင်ထီးနန်းစိုးစံသက်တမ်းအရှည်ဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင် ပုဂ္ဂိုလ် ၃ ဦးထဲတွင် ရခိုင်ဘုရင် မင်းထီး ပါဝင်နေပါသည်။ သူသည် AD 1279 မှ AD1374 ထိ ၉၅ နှစ်တိုင်တိုင်ထီးနန်းစိုးစံခဲ့ခြင်းဖြစ်သည်။ သက္ကရာဇ် ၆၄၁ မှ ၇၃၆ အထိ ရခိုင်ပြည် (လောင်းကြက်မြို့တော်) ၌ အုပ်စိုးသော ရခိုင်ဘုရင် “မင်းထီး” သည် အလွန်တရာ ဖြောင့်မတ်၏။ သူထုတ်ထားသော အမိန့်တရပ်ကား “သားမကောင်းလျှင် အဖကို စီရင်ရမည် ၊ သမီးမကောင်းလျှင် အမိကို ၊ မယားမကောင်းလျှင် လင်ကို ၊ တပည့်မကောင်းလျှင် ဆရာကို ၊ ကျွန်မကောင်းလျှင် သခင်ကို စီရင်ရမည်” ဟူ၍ ဖြစ်သည်။ ထိုအမိန့်တော်ကို ရခိုင်ဘုရင် “မင်းထီး”၏ ဦးရီးတော် အနန္တဘယ အမတ်ကြီးက ရခိုင်ဘုရင် “မင်းထီး” ရင်ခွင်ပိုက်အရွယ်ကတည်းက ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ တနေ့တွင် သူဌေးနှစ်ယောက်၏ ကျွန်များသည် အခြားသူ၏ နွားကို ခိုးယူသတ်စားကြ၏။ ထိုအကြောင်းကို သူဌေးသိသော် အသတ်ခံရမည်ကို ကြောက်သည့်အတွက် ဘုရင့်ဦးရီးတော် အနန္တဘယအမတ်ကြီးကတော်ထံသို့ ချဉ်းကပ်ပြီး အပြစ်မှလွတ်စေကြောင်း တံစိုးလက်ဆောင်များဖြင့် လာဘ်ထိုးသည်။  အမတ်ကြီးကတော်ကလည်း ဘုရင် “မင်းထီး” အနေဖြင့် သူ၏ ဦးရီးတော်ကို မပြစ်မပေးတန်ကောင်းဟ...