ရခိုင်သမိုင်းထဲက ရေအောက်မြို့တော်

ရခိုင်သမိုင်းထဲက ရေအောက်မြို့တော် -------------------------------------- ကမ္ဘာသမိုင်းထဲ့၌ရေအောက်မြို့တော် အတော်များများရှိသည်။၂၀၁၅ ခုနှစ် တွင်လည်း အင်ဒိုနီးရှာနိုင်ငံ၌ ရေအောက်မြို့တော် တစ်ခုသဖွယ် ဗုဒ္ဓရုပ်ပွားတော်များဖြင့် ပြည့်နက်နေသော နေရာတစ်ခုရှာတွေ့ကြောင်းသတင်းpost တစ်ခု ဖတ်ရသည်။ ရခိုင်သမိုင်းတွင်လည်း ရေအောက်၌ နစ်မြုပ် ပျောက်ကွယ်သွားသော ကောတုံကရာဇ်တိုင်းဟူ၍ မြို့တော်တစ်ခု ရှိကြောင်းသိရသည်။ သက္ကရာဇ် အခိုင်အမာ မရှိသော်လည်း သမိုင်းစာ ပေ အချို့တွင်ဖော်ပြပါရှီပါသည်။ ကောတုံကရာဇ်တိုင်း၏ အကျယ်အဝန်းမှာ အရှေ့ဖက်သို့ မော်တင်စွန်းအထိနှင့် အနောက် ဖက်တွင် ဘင်္ဂလား ပင်လယ်အော်တို့ တည်ရှိ နေသည်။အဆိုပါတိုင်ပြည်ကြီးတွင် မဒ္ဒရာဇ်မင်းကြီး စိုးစံခဲ့လေသည်။ဘုရင်ကြီးနတ်ရွာ စံလေသောအခါ သားတော် ၃ယောက်က ဆက်ခံကြလေသည်။သားတော်၃ ယောက်မှာ နောင်တော်ကြီး နောင်တော်လေး နှင့် အာဝ တို့ဖြစ်ကြပြီး ဖခင်နတ်ရွာစံသောအခါ အကြီးဆုံး သားတော် နောင်တော်ကြီး ကဘုရင်ဖြစ်လာသည်။ ညီတော်လတ်က အိမ်ရှေ့မင်းအရာယူပြီး ညီတော်ငယ် အာဝ မင်းသားအား စစ်သူကြ...