ကျန်စစ်သား၏ မယ်တော် ရခိုင်ဝေသာလီ မင်းသမီး ပဉ္စကလျာဏီ ဟုတ်မဟုတ် စစ်ဆေးခြင်း
ကျန်စစ်သား၏မယ်တော် ရခိုင်ဝေသာလီ မင်းသမီး ပဉ္စကလျာဏီ ဟုတ်မဟုတ် စစ်ဆေးခြင်း ။ Credit Daw Cho Maw ပုံများနှိပ်၍ ဖတ်ပါ ������������ ``ကျန်စစ်သား၊ပဉ္စကလျာဏီနှင့် ဝေသာလီ ´´ ( ၁ ) ••••••••••••••••••••••••••••••••••••••••••• မြန်မာ့ရာဇ၀င်တွင် ပုဂံပြည် ကျန်စစ်သားမင်း၏ အခန်းကဏ္ဍသည် အလွန်ပင် လွမ်းမောဘွယ်၊ထိတ်လန့်ဘွယ်၊ကြည်နူးဘွယ်၊အံ့အားသင့်ဘွယ်တို့နှင့် ဒဏ္ဍာရီဆန်လွန်းလှသည်။ ကျန်စစ်သားမင်းကြီး၏ အကြောင်းသာ မဟုတ်သေး။၎င်း၏ မိခင်ဖြစ်သော ပဉ္စကလျာဏီ၏ ဇာတိသည်လည်း အငြင်းပွားစရာ ပဟေဠိတစ်ပုဒ်လိုပင် ဖြစ်လျှက် ရှိပါသည်။ ဟံသာဝတီ ဦးဘရင်၏ ``မြန်မာ့ရာဇ၀င်မှတ်တမ်း´´တွင်..... - ထိုမင်း၏ မယ်တော်မှာ ရခိုင်ဝေသာလီမင်းက ဆက်သော ဥသျှစ်ပင် ဥသျှစ်သီးမှ သန္ဓေရရှိသည့် ရုစိယပဘ၀တီတွင် မြင်သည့် ပဉ္စကလျာဏီ မင်းသမီးဖြစ်လေသည်။ ဟု ဖော်ပြထားသည်။ ထိုသို့ဖော်ပြရခြင်းမှာ ဒုတိယန၀ဒေး၏ ဣသျှံဂူ မော်ကွန်းတွင်... ``နော်ရထာစော၊မုနောစည်းစိမ် နတ်ရွာငြိမ်သော်၊ရွှေအိမ်နန်းမြင့် စောလူးပွင့်၏၊ထိုမင်းနောင်ရင်း ကျန်စစ်မင်းတည့်၊ကြောင်းခြင်းတော်မှာ နော်ရထာလျှင်၊နောင်လာမင်းဖြစ် စိစစ်ပယ်ချေ၊ဟောတိုင်းမွှေသော် သန္ဓေ,၀မ်းနက်၊ပုခက်တွင...