သမိုင်းလိမ် ပြဌာန်းမှု တခု
ကောင်း စံ ဝေ 8 Jun 2017 သမိုင်းလိမ် ပြဌာန်းမှု တခု (အလပြသမိုင်းဆရာ/မများ သိထားရန်) ............................... ဆဋ္ဌမတန်း၊ သမိုင်းဖတ်စာ၊ အခန်း။၁။ က။ဒုတိယ မြန်မာနိုင်ငံတော် (၁)'တောင်ငူ အင်အားတောင့်လာခြင်း' ခေါင်းစဉ်အောက်မှာ ��ပုဂံဧကရာဇ်နိုင်ငံတော်ကြီး ပျက်စီးပြီးနောက်။ပ။ လောင်းကြက်နှင့် မြောက်ဦးစသည့် ပဒေသရာဇ်နိုင်ငံငယ်များနှင့် မင်းငယ်များ ပေါ်ပေါက်ခဲ့သည်' လို့ ရေးသားထားတာကို တွေ့ရပါတယ်။ �� ပုဂံပျက်ချိန်အကျဉ်းံ AD.၁၂၈၁-ခုမှာ ပုဂံကို တရုပ်စလို့ ကျူးကျော်တယ်။(မှန်နန်း၊၂၁၄) AD.၁၂၈၄-မှာ နရသီဟပတေ့ကြီး တရုပ်ကို ကြောက်လို့ ပုဂံက ထွက်ပြေးတယ်။(၎င်း၊ ၂၁၆) ပုဂံဖျက်ပြီလို့ ဟြေရင်လည်း ရပါတယ်။ AD ၁၃၆၈၊ ကောဇာ ၇၃၀၊ စောမွန်နစ် နတ်ရွာစံတဲ့နေ့မှာမှ ပုဂံဟာ လုံးဝ အဆုံးသတ်သွားတာကို တွေ့ရှိရပါတယ်။(၎င်း၊၂၂၃) �� လောင်းကြက်ခေတ်အစနဲ့ အဆုံးံ လောင်းကြက်ကို ရခိုင်ဘုရင် အလောမဖြူမင်းကြီးက ကောဇာ ၆၁၃(AD-1251)ခု၊ နံယုန်လဆန်း ၂ရက်၊ စနေနေ့မှာ တည်ဆောက်ခဲ့တယ်။ (ရခိုင်ရာဇဝင်သစ်ကျမ်း၊ပ၊၃၅၄/ ဦးအောင်သာဦး၊ ရာဇဝင်၊ ၂၃) ကောဇာ ၇၆၈...