Posts

Showing posts with the label သင်္ဂါယနာ နှင့် ရခိုင် ၊ ရခိုင် နှင့် ဦးနု

သင်္ဂါယနာ နှင့် ရခိုင် ၊ ရခိုင် နှင့် ဦးနု

Image
သင်္ဂါယနာ နှင့် ရခိုင် ၊ ရခိုင် နှင့် ဦးနု  °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° သာသနာနှစ် ၄၅၀ တွင် သီဟိုဋ်ကျွန်း၌ စတုတ္ထသံင်္ဂါယနာ တင်ခဲ့လေသည်။ ရဟန္တာ အရှင်မြတ်များနှင့် ပုထုစဉ် ရဟန်းတို့ ညီညီညွတ်ညွတ်ဖြင့် မာဂဓဘာသာမှ သီဟို ဘာသာသို့ ပေထက်အက္ခရာတင် ရေးသားခဲ့ကြသည်။ ထိုအချိန်က အိန္ဒိယ၌ကါး ဂိုဏ်းအမျိုးမျိုး ကွဲပြား၍ ဘေးရန်တွေ့ကါ ထေရာဝါဒ ပိဋကတ်များ မရှိသလောက် ကွယ်ပျောက်ကုန်လေသည်။ ထိုအခါ ရဟန္တာအရှင်သူမြတ်တို့ ညွန်ကြားမှုဖြင့် အရှင်မဟာ ဗုဒ္ဓဃောသကို သီဟိုကျွန်းသို့ သွားစေ၍ ပေထက်တင်ထားသော ပိဋကတ်တော် တို့ကို သီဟိုဋ်ဘာသာမှ မာဂဓဘာသာသို့ ကူးယူစေသည်။ အထာကဌာတို့ကိုလည်း သီဟိုဋ်ဘာသာမှ မာဂဓ ဘာသာသို့ ပြန်ဆို ရေးသားစေခဲ့သည်။ ယ္ခုအခါ မြန်မာပြည်၌ သုံးစွဲနေသော ပါဠိတော် အထာကဌာတို့မှာ သီဟိုဋ်မှ အရှင်မဟာ ဗုဒ္ဓဃောသ မထေရ် ဆောင်ယူခဲ့သော ပိဋကတ် များပင်ဖြစ်ပါသည်။  ဓည၀တီရခိုင်ပြည်တွင် ရမ္မာဝတီအပိုင် ရနီကြီး ပေါက်တူးတောင် ကျေးရွာနေ အဘ ဦးစိန်ချမ်းအောင်၏သား မောင်ကျော်လှသည် ဃောသ အမည်ဖြင့် သာမဏေဘ၀မှ ရဟန်းဖြစ်လာသည်။ စာပေအရာတွင် နှံ့စပ်သိမြင် ထိုးထွင်းဥာဏ် ရှိသော ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ထိုအချိန်၌ သီဟိုဋ်ကျွန်းတွင် စတုတ္ထသင်္ဂါယနာ...