Posts

Showing posts with the label ၾကမၼဒတ္ခတ္ ပံု

ၾကမၼဒတ္ခတ္ပံု

Image
ကြမ္မဒတ်ခတ်ပုံ ကြမ္မဒတ်မင်း နှင့် အသထုံမင်း၀တ္ထု (အသထုံပြည်=သထုံပြည်)              ဗြာဟ္မဏရာဇာမင်းကြီးသည် ခတ်ရှိရာအခန်းသို့ ၀င်ရောက်သွားလေသည်။ နံ့သာဆီမီး တို့၏ အလင်းရောင် နှင့်အတူ ခတ်မှာ ပြောင်လက်တောက်ပနေကာ အိပ်စက်အနား ယူချင်စဘွယ်ရှိလှပေ သည်။ ကတိုး၊ နံ့သာ တို့ထက် မွှေးသော ရနံ့တို့မှာ တခန်းလုံး မွေးကြိုင်၍ လှိုင်နေလေသည်။ ဗြာဟ္မဏရာဇာ မင်းကြီးသည် စိတ် ၏ ချမ်းသာမှုကို ရလျှက် ခတ်တွင်စံရန် တလှမ်းချင်း တလှမ်းချင်း လှမ်းလျှက် လျှောက်၍ သွားလေသည်။ ဗြာဟ္မဏရာဇာ မင်းကြီးသည် အ၀တ်စကို သိမ်းလျှက် ခတ်တွင် ထိုင်လိုက်စဉ် ခတ်နှင့် ခန္ဓာကိုယ် မထိမှီ နောက်မှ တွန်းခြင်းကို ခံရကာ ခတ်နှင့် ၂ လံခန့် အကွာ နေရာသို့ ရောက်ရှိသွားလေသည်။ ဗြာဟ္မဏ ရာဇာမင်းကြီးသည် နောက်မှတွန်းသည်ကို လှည့်၍ ကြည့်သော အခါ လွန်စွာ လှပသော နတ်သမီး တပါးကို တွေ့ရလေသည်။ ရာဇာ။          ။ “အသင်မည်သူနည်း”။ နတ်သမီး။     ။ “ငါကား ခတ်စောင့်နတ်သမီးတည်း”။ ရာဇာ။   ။ “အသင်နတ်သမီး ငါ့အား ခတ်တွင်မစံနိုင်အောင် အဘယ်ကြောင့် တွန်းဘိ သနည်း”။ နတ်သမီး။       ။ “...