ရခိုင် သက္ကရာဇ် (၁၃)နှစ် ကွာရခြင်းအကြောင်းအရင်း

ရခိုင် သက္ကရာဇ် (၁၃)နှစ် ကွာရခြင်းအကြောင်းအရင်း ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ (သြဆာဂါရ)လော (သြဆာဂ့ါရ)လော ========================== ************************************** ရခိုင်သမိုင်းတွင် သက္ကရာဇ်အလိုအားဖြင့် (၁၃) ကွာဟနေသည်ကို အငြင်းပွါးလျှက်ရှိကြသည်။ ယင်းသို့ဖြစ်ရသည်မှာ တစ်ချို့သောသုတေသီများက မေဓပညာမော်ကွန်းပါ ( ဓနဉ္စ= ၆၀၉) နှင့် (ဒေါဒေါရသ=၆၂၂) ကွာခြားနေသည်။ ရခိုင်းသမိုင်းအလင်းပြကျမ်း စာမျက်နှာ (၃၄၃) နှင့် (၂၅၂) တို့မှာ မေဓပညာမော်ကွန်းပါ ( သြဆာဂါရ )ကို (၂၅၇၀) ဟု အဓိပ္ပါယ် ဖွင့်ဆိုပြသည်။ (သြဆာဂါရ)ကို ပိဋကတ်သင်္ချာနည်းဖြင့် အဓိပ္ပါယ်ဖွင့်လျှင် (သြ-၀ ၊ ဆာ-၇ ၊ဂါ-၃ ၊ ရ-၂ )=( ၂၃၇၀) သာ အဓိပ္ပါယ် ဖွင့်ဆိုရရှိသည်။ (၂၅၇၀) ဟူ၍ ဖွင့်ဆိုကြသည်မှာ “သြဆာဂါရ” စာလုံးသည် “ သြဆာဂ့ါရ ” ဖြစ်ခြင်းကြောင့်ဟု သုံးသပ်မိသည်။ “ သြဆာဂ့ါရ ”စာလုံးများကို ပိဋကတ်သင်္ချာနည်းဖြင့် အဓိပ္ပါယ်ဖွင့်လျှင် (၂၅၇၀) ကိန်းကို ရရှိသည်။ ရခိုင်းသမိုင်းသုတေသီတစ်ချို့က မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သော ကလိယုတ်နှစ်ကို (၂၅၅၇) ဟုဖေါ်ပြကြသည်။ ( သြဆာဂါရ=၂၅၅၇) နှင့် ( သြဆာဂ့ါရ=၂၅၇၀) သည် ( ဂါ- ဂ့ါ) တွင် အဆံပါသ...