Prof.Dr,Arlo Griffiths တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးသည် အာနန္ဒစန္ဒြကျောက်စာ ပါမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးမဟုတ်ကြောင်း တင်ပြခြင်း

Prof.Dr,Arlo Griffiths တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးသည် အာနန္ဒစန္ဒြကျောက်စာ ပါမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးမဟုတ်ကြောင်း တင်ပြခြင်း ( Seminar on Sanskrit Literature of Rakhine) ရခိုင် သက္ကတစာပေဆိုင်ရာ စာတမ်းဖတ်ပွဲ တစ်ခုကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဦးဆောင် ဦးရွ က်ပြုပြီး ကျင်းပခဲ့ပါ သည်။ စာ တမ်းဖတ်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အာနန္ဒစန္ဒြကျောက်စာကို MOW ဟု ခေါ်သောကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းခြင်းနှင့် မြောက်ဦးမြို့ကို World Heritage ဟုခေါ်သော ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရန် သာသနာ ရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကြိုးပမ်းနေသည့်ကိစ္စတွင် အထောက်အကြူ့ပုရန်ရည်ရွယ်သည့်ဟုသိရပါသည် စာတမ်းဖတ်ပွဲတစ်ခုကို 24.1.2018 နေ့ နံက် 9း00 မှ ညနေ 4း00 နာရီထိ ရန်ကုန်မြို့ ပြည်လမ်းရှိ Taw Win Garden Hotel , ၈ လွှာ , ပုဂံခမ်းမတွင် ကျင်းပပြုလုပ်သွားခဲ့ပါသည်။ ထိုစာတမ်းဖတ်ပွဲတွင် သီးသန့် ဖိတ်ကြား ထားသူများသာ အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ပြီး ၊စိတ်ပါဝင်စားသူများ တက်ရောက် နားေ ထာင်လိုပါက တစ်ဦး လျင် ၃၀၀၀၀ ကျပ်ဖြင့် စာတမ်းဖတ်ပွဲကျင်းပသည့် နေ့တွင် စာရင်းသွင်း တက်ေ ရာက်နိုင်ပါ...