အာနန္ဒစနြ္ဒမင်း ကျောက်စာတိုင် မြောက်ဘက်မျက်နှာမှ ( အာရက္ခဒေသ ) စာကြောင်း။

အာနန္ဒစနြ္ဒမင်း ကျောက်စာတိုင် မြောက်ဘက်မျက်နှာမှ ( အာရက္ခဒေသ ) စာကြောင်း။ ============================= ************************************ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရန်အောင်ဇေယျ (ခ) သျှစ်သောင်းပုထိုးတော်ကြီးတွင် ရှေးဟောင်းကျောက်စာတိုင်ကြီး တစ်တိုင်ရှိသည်။ အဆိုပါ ကျောက်စာတိုင်၌ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် ကျောက်စာများရေးထိုးပါရှိသည်။ တောင်ဘက် မျက်နှာတွင် ကျောက်စာရေးထိုးမထားချေ။ ယင်းကျောက်စာ၌ ပီပီပြင်ပြင် ဖတ် ၍ရသော အနောက်ဖက်မျက်နှာစာကို အာနန္ဒစနြ္ဒမင်း ရေးထိုးခဲ့သောကြောင့် အာနန္ဒစနြ္ဒမင်းကျောက် စာဟု ခေါ်တွင်သည်။ ထိုအပြင် သျှစ်သောင်းဘုရားကျောက်စာတိုင်ဟု လည်းခေါ်ကြသည်။ * အရှေ့ဘက်မျက်နှာစာကို အေဒီ ၅ ရာစုလောက်တွင် ရေးထိုးခဲ့ပြီး ၊အနောက်ဘက် မျက်နှာစာကို ကျောက်စာအောက်ခြေပါ (ဧကာဒဿမဗ္ဒေ=၁၁ ခု) ဟူသော စကားရပ်ကြောင့် အေဒီ ၇ ရာစုအလယ် အေဒီ ၆၄၉ တွင်ရေးထိုးခဲ့ကြောင်း သိရသည်။ မြောက်ဘက်မျက်နှာစာကို အေဒီ(၉-၁၀)ရာစု ရေးထိုးခဲ့သည်ဟု လက် ရေးလက်သားပ...