ရမ်းဗြဲကျောက်ဖြူဘက်မှ အနောက်ဘုရင်မင်းတစ်ပါး၏ဒင်္ဂါးများ

ရမ်းဗြဲကျောက်ဖြူဘက်မှ အနောက်ဘုရင်မင်းတစ်ပါး၏ဒင်္ဂါးများ ==================================== ဒင်္ဂါးကို အဘယ်ကြောင့် ကျောက်ဖြူ ရမ်းဗြဲဘက်မှ အနောက်ဘုရင်ဟု ခေါ်ရသနည်းဟူမူကား ဖော်ပြပါ ဒင်္ဂါးတွင် (ဘုရင်မင်း )ဟူသော စာလုံးများကို (ဖုရန်မင်း) ဟု ရေးသားထားသည်မှာ ကျောက်ဖြူ၊ရမ်းဗြဲ၊ မှ ရခိုင်များပြောသော ဒေသိယ စကားလေသံအတိုင်း ရေးထားသည်ကိုတွေ့ရသောကြောင့် ကျောက်ဖြူ ရမ်းဗြဲဘက်မှ အနောက်ဘုရင်မင်းဟု မှတ်ချက်ပြုရခြင်းဖြစ်သည်။ ဒင်္ဂါးတွင် ရေးထိုးပါရှိသည့် စာမှာ(မင်တရားကြီသာတော် အနောက်ဖုရန်မင်၉၅၃)=မင်းတရားကြီးသားတော် အနောက်ဘုရင်မင်း ၉၅၃) ဟူ၍ဖြစ်သည်။ * အနောက်ဘုရင် “မင်းတရားကြီးသားတော် အနောက်ဘုရင်-၉၅၃” ဒင်္ဂါးများ၏ အချင်းမှာ (၂၄ မီလီမီတာမှ ၂၆ မီလီမီတာ)ထိရှိကြပြီး၊ အလေးချိန်မှာ ( ၁၀.၀၃ ဂရမ် မှ ၁၀. ၁၆ ဂရမ်) ထိ ရှိကြသည်။ ဒင်္ဂါးတွင် ရခိုင်စာတစ်ဘက်၊ ပါရှန်စာ+ဘင်္ဂလီစာတစ်ဘက် သုံးဘာသာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။ ** ဒင်္ဂါးပါ ရခိုင်စာပါသောဘက်ကို အိန္ဒိယဒင်္ဂါးသုတေသီ မီချီနာက “Minta/ya gyi tha / daw anau-/k bha wa shin/ 953=မင်းတ/ရာကြီးသာ/ဒေါ် အနော/က်ဘ၀သျှင်/၉၅၃” ဟူ၍လည်းကောင်း၊ ပါရှန်စာကို “K...