ဘာကြောင့် ရခိုင်ပြည်ဝေသာလီကို စတုတ္ထသင်္ဂါယနာ ခေါ်ရသည့်အကြောင်းရင်း ရှင်းလင်းချက်

ဘာကြောင့် ရခိုင်ပြည်ဝေသာလီကို စတုတ္ထသင်္ဂါယနာ ခေါ်ရသည့်အကြောင်းရင်း ရှင်းလင်းချက် (၁) သာသနာသက္ကရာဇ်( ၁ ) (ဘီစီ 544) ခုနှစ် တွင် အဇာတသတ်မင်းသည် ပထမသင်္ဂါယနာကို ပါဠိဘာသာဖြင့် နှုတ်တိုက် သင်္ဂါယနာတင်ကြသည်။အိန္ဒိယ (၂) (သာသနာသက္ကရာဇ်- ၁၀၀ ) (ဘီစီ 444) ခုနှစ် တွင် အဇာတသတ်မင်းသည် ဒုတိယသင်္ဂါယနာ ကို ပါဠိဘာသာဖြင့် နှုတ်တိုက် သင်္ဂါယနာတင်ကြသည်။အိန္ဒိယ (၃) (သာသနာသက္ကရာဇ်- ၂၃၅ ) (ဘီစီ -309 ) ခုနှစ် တွင် သီရိဓမ္မာသောကမင်းသည် တတိယ သင်္ဂါယနာ ကို ပါဠိဘာသာဖြင့် နှုတ်တိုက် သင်္ဂါယနာတင်ကြသည်။အိန္ဒိယ ။ (၄) (သာသနာသက္ကရာဇ်- ၄၅၀ ) (ဘီစီ -94 ) ခုနှစ် တွင် ၀ဋဂါမဏိမင်းသည် စတုတ္ထသင်္ဂါယနာ ကို သီဟိုဠ်ဘာသာဖြင့် ပီထက်အက္ခရာ သင်္ဂါယနာတင်ကြသည်။ သီရိလင်္ကာ ။ (၅) (သာသနာသက္ကရာဇ်- ၆၀၀ ကျော် ) (အေဒီ - 1.2 ရာစု ) တွင် ကနိသျှကမင်းသည် စတုတ္ထသင်္ဂါ ယနာကို သက္ကတဘာသာဖြင့် ကြေးထက်အက္ခရာ သင်္ဂါယနာတင်ခဲ့သည်။အိန္ဒိယ(မဟာယနမူ) (၆) (သာသနာသက္ကရာဇ်- ၁၁၈၄ ) (အေဒီ 638-642 ) ခုနှစ် တွင် သီရိဓမ္မစနြ္ဒမင်းသည် စတုတ္ထသင်္ဂါ ယနာ ကို ပါဠိဘာသာဖြင့် ပီထက်အက္ခရာ သင်္ဂါယနာတင်ခဲ့သည်။ ရခိုင်ဝေသာလီပြည် ။ အထက်ပါ သင်္ဂါ...