သရေခေတ္တရာ ပျူဒင်္ဂါးများ

သရေခေတ္တရာ ပျူဒင်္ဂါးများ ~~~~~~~~~~~~~~ မောင်သာ(ရှေးဟောင်းသုတေသန) ဓာတ်ပုံ- အင်တာနက် ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့မှ အရှေ့ဘက် ငါးမိုင်အကွာတွင်တည်ရှိသည့် သရေခေတ္တရာ မြို့ဟောင်းသည် ပျူခေတ် အထောက် အထားများစွာကို တွေ့ရှိခဲ့သည့်ထင်ရှားသော ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်ကာ ယူနက်စ်ကိုအဖွဲ့၏ ကမ္ဘာ့ အမွေအနှစ်ဒေသတစ်ခု လည်းဖြစ်သည်။ သရေခေတ္တရာကို ၁၉၀၇ ခုနှစ်တွင် ပထမဆုံးတူးဖော်မှုများ ဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းသုတေသနဆိုင်ရာ တူး ဖော်သုသေသနပြုမှုများကို ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့ကြကာ ပျူယဉ်ကျေးမှုဆိုင်ရာ ရုပ်ဝတ္ထုများကို ဖော်ထုတ်နိုင်ခဲ့သည်။ ပျူယဉ်ကျေးမှုအထောက်အထားများအနက် ရှေးဟောင်းဒင်္ဂါးများကို ပျူမြို့ဟောင်းသုံးမြို့အပြင် မြစ်သားမြို့နယ်၊ ပင်လယ် မြို့ဟောင်း(မိုင်းမောမြို့ဟောင်း) ၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင်လည်း တွေ့ရှိခဲ့သည်။ဒင်္ဂါးများသည် တံဆိပ် ခပ်နှိပ်ထား သည့် ငွေပြားအ၀ိုင်းလေး များဖြစ်ကြပြီး ပုံသဏ္ဍာန်များက တစ်ခုနှင့် တစ်ခု ဆင်တူယိုးမှား ဖြစ်ကြသည်။ဒင်္ဂါးအများစုကို ထင်ရှား သော ပျူမြို့ဟောင်းများဖြစ်ကြသည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမှ ရရှိခဲ့သဖြင့် ယင်းတို့ကို ပျူ ဒင်္ဂါး များဟု ယေဘုယျ အားဖြင့် သတ်မှတ...