သီတဂူ ဆရာတော်နှင့် ဆရာကြီး ဦးဦးသာထွန်းတို့ အမေးအဖြေ စကားပွဲ အစအဆုံးပါ

သီတဂူ ဆရာတော်နှင့် ဆရာကြီး ဦးဦးသာထွန်းတို့ အမေးအဖြေ စကားပွဲ အစအဆုံးပါ ============================================== ``အဖိုးဦးသာထွန်းနှင့် မေးခွန်းကြီး (၆)ခု´´ ******************************** သီတဂူဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရနှင့် ရခိုင်ပဏ္ဍိတာ ဦးသာထွန်း အမေး ➳ အဖြေ ******************************* ရခိုင်ပြည်သို့ ဗုဒ္ဓသာသနာ ရောက်ရှိလာရတဲ့အကြောင်းအရာများ ၁၉၈၄ ခုနှစ်ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဗမာပြည် သဲကုန်း သပိတ်အိုင် တောရဆရာတော် အရှင် ဥာဏိဿရ အမှူးပြုသော ဆရာတော်ကြီး (၄)ပါးသည် မြောက်ဦးသို့ ဘုရားဖူးရောက်ရှိကြပါသည်။ ထိုစဉ် ရခိုင်ပြည် သာသနာရေးကိစ္စနှင့် ရခိုင် -မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်း အား မေးခွန်းကြီး (၆) ခွန်း မေးခဲ့ပါသည်။ ယင်းသို့ ဆရာတော် ဦးညာဏိဿရ ( ယခုသာသနာ့ ဥသျှောင် ပီနန်ဆရာတော် (ဝါ) သီတဂူဆရာတော်ကြီး) အမေးနှင့် ဆရာကြီး၏ အပြည့်အစုံ ဖြေကြားချက်များကို ပြန်လည်၍ ဆရာကြီးက အသံသွင်းပေးခဲ့သည်။ ဆရာကြီးသည် ရခိုင်စကားဖြင့် အသံသွင်းခဲ့သည်ကို မြန်မာပြည်ရှိ တိုင်းရင်းသားများအားလုံး ဖတ်ရှုနိုင်ရန်အတွက် မြန်မာစကားပြေဖြင့် ပြန်လည်၍ ရေးသား တင်ပြလိုက်ရခြင်းဖြစ်သည်။ ဆရာတော် ဦးဥာဏိဿရ...