Posts

Showing posts from July, 2019

ရခိုင်တောင်တန်းဒေသ Arakan Hill Tracts

Image
ပလက်ဝမြို့နယ် - ရခိုင်တောင်တန်းဒေသမှ ချင်းပြည်နယ်သို့ပါဝင်သွားရခြင်းအကြောင်းရင်း။ ပလက်ဝမြို့ဟုခေါ်တွင်ခြင်း  ပလက်ဝမြို့ဟုခေါ်တွင်ရခြင်းမှာ ကစ္ဆပနဒီခေါ် ကုလားတန်မြစ်၏တစ်ဖက်ကမ်းရှိ ပလက်ဝ ချောင်းဝ တည့်တည့်နေရာတွင် မြို့တည်ခဲ့သောကြောင့် ပလက်ဝမြို့ဟုခေါ်တွင်ရခြင်းဖြစ်လေသည်။ ဤပလက်ဝမြို့ကို (၁၈၇၆) ခုနှစ်တွင် မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်လေသည်။ ပလက်ဝမြို့တွင် စိမ်းစိုရွှမ်းပ သဘာဝတောတောင် များ ၊ လျှိုမြောင် စိမ့်စမ်း ရေတံခွန်များပေါများပြီး လွင်ပြင်များ မရှိလောက်အောင်နည်းပါးကာ ၊ တောင်စဉ် တောင်တန်းပေါများသော ဒေသတစ်ခုဖြစ်သည်။ ပလက်ဝသည် တောင်ပေါ်မြို့တစ်မြို့ဖြစ်ပါသည်။ ဒေသတွင်း နေထိုင်ကြသော လူမျိုးများမှာ ရခိုင် ၊ ခူမီး ၊ ချင်း ၊ မရာ ၊ မြို ၊ လေးမြို့ချင်း ၊ ခေါင်စို ၊ အနူး ၊ သက် ၊ လင်းကြဲ ၊ ဒိုင်းနက် စသည့်လူမျိုးများ ရောနှောနေထိုင်ကြပါသည်။  သက္ကရာဇ် ၁၉၄၆ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်ကုန်ပိုင်းလောက်တွင် အင်္ဂလိပ်နိုင်ငံ ဝိတိုရိယဘုရင်မ၏ နန်းရင်းဝန်ဖြစ်သော မောင့်ဘက်တန်သည် ပလက်ဝမြို့နယ်၏ လူကြီးများဆန္ဒကို ခံယူရန်အတွက် ရန်ကုန်မြို့မှ နေ၍ လူကြီး (၇) ဦးကို လွှတ်ပေးရန် တောင်းဆိုခဲ့...

ရခိုင်ရာဇဝင်ဘွဲ့ ( ရက္ခမဏ္ဍိုင် သာစွလေလင်္ကာ )

Image
ရခိုင်ရာဇဝင်ဘွဲ့ ( ရက္ခမဏ္ဍိုင် သာစွလေလင်္ကာ ) ဓညဝတီ မာရယုမင်း မှ စပြီး မြောက်ဦး သိရီသုဓမ္မရာဇာမင်းထိ ရေးစပ်သီထားသော သာစွလေလင်္ကာဖြစ်ပါတယ် ။

နီလာပန်းတောင်း ကျောက်ပန်းတောင်းဝိညာဉ် (သို့) ဥဿလင်းစေတီသက်သေတည်။

Image
(ညီအကိုချင်းတိုင်းရင်းသားများသိစေရန်) ======================== နီလာပန်းတောင်းကျောက်ပန်းတောင်းဝိညာဉ် (သို့) ဥဿလင်းစေတီသက်သေတည်။ --------------------------------------- ၁၆-၆-၂၀၁၃ နေ့ထုတ်Chin World ဂျာနယ်၌ ဆလိုင်းခင်တလင်း ရေးသော"ချင်းပြည်နယ် ရခိုင်တောင်တန်းဒေသ"ဟူသောခေါင်းစဉ်ဖြင့်ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ဖတ်မိပါသည်။ ထိုဆောင်းပါး၏ စာပိုဒ်(၁၄)၌ "ပလက်ဝ မြို့နယ်ဟာ ဘယ်တုန်းကမှ ရခိုင်ပြည်နယ်ထဲ မပါဝင်ခဲ့ပါဘူး လွတ်လပ်ရေးရတဲ့ ၁၉၄၈ မတိုင်ခင်တုန်းကလည်း ရခိုင်ပြည်နယ်ဆိုတာ မရှိသေးသလို ချင်းပြည်နယ်ဆိုတာလည်း မရှိသေးပါဘူး။ ရခိုင်ပြည်နယ် ချင်းပြည်နယ်ဆိုတာ ၁၉၇၄ အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့တဲ့ ပြည်နယ်တွေဖြစ်ပါတယ် " ဟုဖော်ပြထားပါသည်။ ကျွန်တော့ဆောင်းပါးကို မဖတ်မိဦးစွာပထမ အသိပေးလိုသည်မှာ ဘူးသီးတောင် မောင်တောတွေဟာ ဘင်္ဂလီတွေများသော်လည်း ဘင်္ဂလားပိုင်မဟုတ်သလို မန္တလေးဟာလည်း တရုပ်ပိုင်မဟုတ်ကြောင်းသိစေလိုပါတယ်။ ကျွန်တော်သည်ဆောင်းပါးကို ရေးတာဟာ မည်သည့်ရည်ရွယ်ချက်နှင့်မျှမဟုတ်ပါ။  ပလက်ဝဟာ ရခိုင်ပိုင်ဖြစ်ခဲ့မဖြစ်ခဲ့ ဆိုသည်ကို လေ့လာကြည့်စေလိုသော ဆန္ဒသက်သက်သာဖြစ်ပါသည်။ ဆလိုင်းခင...

ရခိုင်ဘုရင်တည်ခဲ့သော ရခိုင်ပိုင်နက် ဥဿလင်းစေတီတော်

Image
ပလက်ဝမြို့နယ်အတွင်းက ရှေးဟောင်းသမိုင်းဝင် ဥဿလင်းစေတီ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ သတင်းဆောင်းပါးနှင့် ဓာတ်ပုံ- မောင်မောင်ကျော့(ပလက်ဝ) ဥဿလင်းစေတီတော်သည် ချင်းပြည်နယ်(တောင် ပိုင်း) ပလက်ဝမြို့အထက် ၄၃ မိုင်အကွာတွင် ရှိသည်။ ဥဿလင်းချောင်းစီးဆင်းရာ ဥဿလင်းကျေးရွာ၏ အရှေ့ဘက်၊ ဂစ္ဆပနဒီမြစ်ကမ်း စေတီကိုင်းကျေးရွာ နောက်ခံတောင်တန်းရှိ တောင်ကုန်းပေါ်တွင်  ဖူးတွေ့ရ သော ဥဿလင်းစေတီတော်မြတ်ကြီးမှာ ကြည်ညို သပ္ပာယ်လွန်းလှသည်။  ဥဿလင်းစေတီတော်ကို လွန် ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်က စာရေးသူ နောက်ဆုံး ဖူးမြော်ခဲ့ရသည်။ အခုတစ်ဖန်facebook စာမျက်နှာ ပေါ်တွင် ရှေးဟောင်းသမိုင်းဝင် ဥဿလင်းစေတီတော် ၌ ဓာတ်တော်ရောင်ခြည်ကွန့်မြူးကြောင်း ရေးသားနေ ကြသည်ကို တွေ့ရသည့်အခါ သဒ္ဓါကြည်ညိုစိတ်ဖြင့် ဖူးမြော်ချင်စိတ်ဖြစ်ပေါ်မိသလို သဒ္ဓါကြည်လင် ပါရမီ ရှင်များအနေဖြင့်လည်း သိရှိဖူးမြော်နိုင်ကြစေရန် ရည် သန်၍ ဥဿလင်းစေတီတော်မြတ်ကြီးအကြောင်းကို ဤဆောင်းပါးဖြင့် ဦးညွတ်ရေးသား ပူဇော်အပ်ပါသည်။ ရှေးအခါက ရခိုင်ပြည်နယ်မြေတစ်ခုလုံးကို တိုင်းဒေသ ကြီး တစ်ဆယ့်နှစ်တိုင်း ခွဲခြားအုပ်ချုပ်ခဲ့ရာတွင် ဥဿ လင...

ရခိုင်ပြည် ဝေသာလီဘုရာကြီးနှင့် ဘုရားပေါ်ဘုရား အ​ကြောင်းအရာ

Image
**** ဒဏ္ဍာရီ ဆန်သော ရက္ခိုင်ပြည် ******** ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုရားပေါ် ရုပ်ပွားတော်မြတ်    ဘုရားပေါ်ဘုရားမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ထင်ရှားသော ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရား တစ်ဆူဖြစ်ပါသည်။ထို့ကြောင့် ဘုရားကြီးအား ဒေသတွင်းနှင့် ကမ္ဘာလှည့်ခရီးသွားများသာမက မြန်မာပြည် မြောက်ဖျားပိုင်းမှ ဘုရားဖူးများပါ လာရောက် ဖူးမြော်ကြလျက်ရှိပါသည်။ ဘုရားပေါ်ဘုရားဆင်းတုတော်ကြီးမှာ မြောက်ဦးမြို့အနီးရှိ ပြင်ဈေးချောင်းထဲမှတွေ့ရှိကာ ပင့်ဆောင်ကိုး ကွယ်ခဲ့ကြခြင်းဖြစ်ပြီး ဘုရား၏သမိုင်းမှာလည်း အထူးစိတ်ဝင်စားစရာ ကောင်းလှသည့်အတွက် ဤဆောင်း ပါးအား ရေးသား တင်ပြရခြင်းဖြစ်ပါ၏။ ဤရုပ်ပွားတော်ကြီးမှာ မြောက်ဦးခေတ်၌ ထင်ရှားသော ဘုရင်မင်း ရာဇာကြီး၏ကောင်းမှုတော်ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁ဝ၆၃ ခုနှစ်တွင် ရေထဲမှပင့်ဆောင် ကိုးကွယ်ခဲ့ခြင်းဖြစ် သည်။ ဘုရားကြီးမှာ ကုလားကျောင်းအောက်ခံနှင့် တည်ထားသောစေတီတော် ဂန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပယ်လျက်ရှိကာ ဥာဏ်တော် ၁၂ ပေ၊ သုံး လက်မ ရှိသော ဆင်းတုတော်ကြီးလည်းဖြစ်ပါသည်။ ထိုအချိန် မတိုင်ခင်က ဘုရားကြီးမှာ အနီးရှိပြင်ဈေးချောင်း၌ နှစ်ပေါင်း ၁၂၇၆ နှစ်တိုင်တိုင်...

သီတဂူ ဆရာတော် ဦးညာဏိဿရ၏ မေးခွန်းကြီး (၆) ခွန်း။

Image
၁၉၈၄ ခုနှစ်ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဗမာပြည် သဲကုန်း သပိတ်အိုင် တောရဆရာတော် အရှင် အရှင်ညာဏိဿရ အမှူးပြုသော ဆရာတော်ကြီး (၄)ပါးသည် မြောက်ဦးသို့ ဘုရားဖူးရောက်ရှိကြပါသည်။ ထိုစဉ် ရခိုင်ပြည် သာသနာရေးကိစ္စနှင့် ရခိုင်-မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းအား မေးခွန်းကြီး (၆) ခွန်း မေးခဲ့ပါသည်။ ယင်းသို့ ဆရာတော် ဦးညာဏိဿရ( ယခုသာသနာ့ ဥသျှောင် ပီနန်ဆရာတော် (၀ါ) သီတဂူဆရာတော်ကြီး) အမေးနှင့် ဆရာကြီး၏ အပြည့်အစုံ ဖြေကြားချက်များကို ပြန်လည်၍ ဆရာကြီးက အသံသွင်းပေးခဲ့သည်။ ဆရာကြီးသည် ရခိုင်စကားဖြင့် အသံသွင်းခဲ့သည်ကို မြန်မာပြည်ရှိတိုင်းရင်းသားများအားလုံးဖတ်ရှုနိုင်ရန်အတွက် မြန်မာစကားပြေဖြင့် ပြန်လည်၍ ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။ ဆရာတော် ဦးညာဏိဿရ၏  မေးခွန်းကြီး (၆) ခွန်း မေးခွန်း (၁) ရခိုင်ပြည် သာသနာသည် ထေရ၀ါဒ ဗုဒ္ဓသာသနာမှ ဆင်းသက်လာသော သာသနာမဟုတ်၊ မဟာယာန ဂိုဏ်းမှ ဆင်းသက်လာသော သာသနာဖြစ်သည်။ ဤအကြောင်းကို ဖြေရှင်းပေးပါ။ မေးခွန်း (၂) ဗုဒ္ဓ၏ ပါဠိတော် အဋ္ဌကထာနှင့် သင်္ဂါယနာ ခြောက်တန်စသည်တို့တွင် မပါရှိပဲ ရခိုင်ပြည်သို့ မြတ်စွာဘုရား ကြွရောက်လာခဲ့သည်ဟု ရခိုင်ပြည်တွင် ရေးသားပြောဆိုနေကြသည်မှာ ဘုရားဟောတရ...

ရက္ခိုင့်တပ်တော် AA သည် ရခိုင်လူထု၏ ဆန္ဒလည်းဖြစ်သည်

Image
ရခိုင်ပြည်၌ ရက္ခိုင့်တပ်တော် တည်ရှိရေးသည် ရက္ခိုင့်တပ်တော်၏ ရည်မှန်းချက်သာမဟုတ်၊  ရခိုင်လူထု၏ ဆန္ဒလည်းဖြစ်သည် 'Existing of Arakan Army in Arakan is not Just the Purpose of Arakan Army, but the Will of Arakan People'  ရခိုင်ပြည်၌ လတ်တလောဖြစ်ပွားနေသော လက်နက်ကိုင် ပဋီပက္ခ၏ အသွားအလာမှာ နိုင်ငံ့တခြားဒေသများ၌ ဖြစ်ပွါးသော ပဋီပက္ခ ပုံစံများနှင့် သိသိသာသာ ကွာခြားလှပါသည်။ အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲ အပေါ် မြေပေါ်နိုင်ငံရေး ပုဂ္ဂိုလ်များ၊ လူထု၏ အမြင်မှာ ပို၍ ထူးခြားနေသည်။  ရခိုင့်ခေတ်သစ်တော်လှန်ရေးသမိုင်း၌ ယခုကဲ့သို့ ပြင်းပြင်းထန်ထန်၊ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့် ပြန့် လက်နက်ကိုင်တော်လှန်သည်မျိုးမရှိခဲ့လို ရခိုင်လူထုအတွက် မျော်လင့်ချက်နှင့်စိတ်လှုပ်ရှားဖွယ်ရာ အတိလည်းဖြစ်ပါသည်။ လွတ်လပ်ရေးခေတ်နောက်ပိုင်း နိုင်ငံတဝန်းလုံး၌ မြှောက်များပြင်းထန်လှသော ပုန်ကန်တော်လှန်မူများ ရှိခဲ့ကြသည်တိုင် ကာဆင်းဦးဆောင်သော မူဂျာဟစ်ဒင်သူပုန် ခေါ် မူဆလင်များသာ ၁၉၄၉ ရောင်စုံသူပုန်ကာလ၌ မြောက်ပိုင်အစွန်းမြို့ များဖြစ်သော ဘူးသီးတောင်၊ မောက်တောနယ်များ၌   တော်လှန်မူများ  တွင်တွင်ကျ...