ရခိုင် စတုတ္ထသင်္ဂါယနာတင် သက်သေပစ္စည်းတစ်ခု

အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအမှတ်(၅၃) ****************************** ရခိုင် စတုတ္ထသင်္ဂါယနာတင် သက်သေပစ္စည်းတစ်ခု ============================ လောဟပါတြာဏျ နေကာနိ သန္နေတြ စီဝရာဏိစ၊ နာနာဒေဂါ ဂတာနာံစ ဘိက္ပူဏာံ ဂေါ်ရ၀ါဒ္ဒဒေါ်။ ---------------------------------------------------- ဂါထာ(၅၃) အဓိပ္ပါယ် * ဂါထာအမှတ် ၅၃ သည် အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ ၅၄-၅၅ တွင် ရှိပါသည်။ အာနန္ဒစန္ဒြ မင်းကြီးသည် သင်္ဂါယနာတင်ရန်အတွက် အနယ်နယ် အရပ်ရပ်မှ ရဟန်းသံဃာ တော်များ ပင့်ဆောင်ေ ကြာင်း၊ ကြွရောက်လာသော ရဟန်းသံဃာတော်များသည် သင်္ဂါယနာတင် ရန် အတွက် ဝေသာလီ နေပြည်ေ တာ်၌ ကာလရှည်စွာ သီတင်း သုံးနေ ထိုင် ရမည်ဖြစ်သောကြောင့် သင်္ကန်း၊သပိတ်များ အခက်အခဲမဖြစ် ရအောင် ကောင်းမြတ်သော သင်္ကန်းများနှင့် ကြေးသပိတ် ခွက်တို့ကို အလွန်ရိုသေ လေးမြတ်စွာဖြင့် ကပ်လှူပူဇော်သည်ကို ရေးထိုးထားခြင်းဖြစ်သည်။ ** အာနန္ဒစန္ဒြမင်းကျောက်စာအလိုအရဆိုလျှင် သင်္ဂါယနာတင်ရန် အနယ်နယ် အရပ်ရပ် ပြည်တွင်း ပြည်ပမှ ကြွရောက်လာသော ရဟန်း သံဃာတော်များ သီတင်းသုံးရန် ကြိုတင်ဆောက်လုပ်ထားသော အာနန္ဒော ဒယေ ကျာင်းေ တ်ာကြီးများတွင် နေရာချထားပေးပြီး ထိုကျောင်းတိုက်များ၌ သီတင်းသုံးကြေ သာ ရဟန်းသ...