ပုဂံအင်ပါယာတွင် ရခိုင်မပါခဲ့ပါ

ပုဂံ အင်ပါယာတွင် ရခိုင် ပုဂံအင်ပါယာတွင် ရခိုင်မပါခဲ့ပါ ရခိုင်ပြည်တွင် ကျောက်ခေတ်လူသားများနေထိုင်မှု အထောက်ထားကို တွေ့ရှိရပြီးဖြစ်ပါတယ်၊ ရခိုင်ကျောက်ခေတ်သစ်ယဉ်ကျေးမှုကို ဒေါက်တာ ဘာနာဂျီက ဘီစီ ၂၀၀၀ ဝန်းကျင်လို့ပြောပါတယ် ဒေါက်တာနန်ဂိုက ဘီစီ ၁၀၀၀ မတိုင်မှီအချိန်ကလို့ ယူဆပါတယ်။ ဘီစီ ၁၅၀၀ ခန့်က မွန်ဂိုလွိုက်တို့သည် ဟန်လူမျိုးများတိုက်ခိုက်မှုကြောင့် အာရှတောင်ပိုင်းသို့ ဆုတ်ခွာခဲ့ကြရသည်။ ဘီစီ ၁၀၀၀ ခန့်တွင် ချန် မင်းဆက်တို့ ဆက်လက်တိုက်ခိုက်သဖြင့် မွန်ဂိုလွိုက်တို့သည် တောင်ဘက်သို့ရွေ့ပြောင်းခဲ့ကြရပြန်ပါတယ်။ ဘီစီ ၆၀၀ မတိုင်မှီ မွန်ဂိုလွိုက်အုပ်စု ကွဲထွက်သွားသူများမှာ တိဘက် ဟိမဝန္တာ မိရှမိခေါ် မြောက်အာသံ ချင်း သက် မြန်မာအနွယ်မှ ဓနု ရခိုင် ထားဝယ် တောင်ရိုး မြို လူမျိုးစုတို့ဖြစ်သည်ဟု ယူဆကြပါသည်။ ဒေါက်တာသန်းထွန်းက အေဒီ ၅ ရာစုမတိုင်မှီက ယခု စစ်တွေတဝိုက်မှ သက္ကဋဘာသာရေးထိုးသူတို့သည် အကယ်၍ တိဘက်မြန်မာအနွယ်ဝင်များဖြစ်လျှင် မြန်မာထက်စော၍ နီပေါဘက်မှ စစ်တကောင်းကိုဖြတ်၍ဝင်ရောက်လာတယ်လို့...