စောရဟန်းသိမ်ကျောက်စာသည် အနောရထာမင်း မတိုင်ခင် ရေးထိုးသော ကျောက်စာ မဟုတ်ကြောင်းနှင့် ဥဇနမင်းကြီး လက်ထက် ရေးထိုးသော ကျောက်စာဖြစ်ကြောင်း သက်သေ။
စောရဟန်းသိမ်ကျောက်စာသည် အနောရထာမင်း မတိုင်ခင် ရေးထိုးသော ကျောက်စာ မဟုတ်ကြောင်းနှင့် ဥဇနမင်းကြီး လက်ထက် ရေးထိုးသော ကျောက်စာဖြစ်ကြောင်း သက်သေ။ ◆ ▬▬▬▬▬▬ ❴✪❵ ▬▬▬▬▬ ◆ ကျောက်စာကို အမည် ခေါင်းစဉ်တပ်တာမှာ အမျိုးမျိုးရှိကြတာပေါ့လည်။ ရရှိတဲ့ နေရာဒေသအမည်ကို အစွဲပြုတပ်ခြင်း၊ ကျောက်စာပါ အကြောင်းအရာကို ကြည့်၍ အမည်တပ်ခြင်း စသဖြင့် ရှိကြတာပေါ့။ ဒါပေမယ့် ဒီPost မှာ ဦးစွာပြောလိုတာက စောရဟန်းသိမ်ကျောက်စာဆိုပြီး ခေါင်းစဉ်တပ်ထားတိုင်း အနောရထာမင်း ထက်စောတဲ့ စောရဟန်းမင်း ရေးထိုးသော ကျောက်စာဟု မထင်လိုက်ပါနဲ့ ၊ မပြောလိုက်ပါနဲ့ ။ ကျောက်စာကို သေချာဖတ် ဘာသာပြန်ပြီးမှ အနက်အဓိပ္ပာယ်နှင့် ဆိုလိုရင်းကို သိပြီး ကြည့်ပြီးမှာ ပြောပါ။ ထင်ပါ။ ခေါင်းစဉ်တပ်ပါလို့ ပြောချင်ပါတယ်။ ယခု ပုဂံလို့ ခေါ်တဲ့ အရပ်ဒေသမှာ စောရဟန်း အမည်ခံ မင်း နှစ်ပါး ရှိပါတယ်။ #ပုပ္ပါးစောရဟန်း။ ။ ပုဂံရာဇဝင်တွင် သက္ကရာဇ် ဖြိုသောမင်းအဖြစ် ထင်ရှားသော ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် (ခေါ်) ပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခ ဆ ပဉ္ဇကိန်း (ခေါ်) နှစ် သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂-ခုမှ ခ ဆ ပဉ္ဇကိန်း ၅၆၀-ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက...