Posts

Showing posts with the label ရခိုင်ပြည် ဝေသာလီဘုရာကြီးနှင့် ဘုရားပေါ်ဘုရား အ​ကြောင်းအရာ

ရခိုင်ပြည် ဝေသာလီဘုရာကြီးနှင့် ဘုရားပေါ်ဘုရား အ​ကြောင်းအရာ

Image
**** ဒဏ္ဍာရီ ဆန်သော ရက္ခိုင်ပြည် ******** ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုရားပေါ် ရုပ်ပွားတော်မြတ်    ဘုရားပေါ်ဘုရားမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ထင်ရှားသော ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရား တစ်ဆူဖြစ်ပါသည်။ထို့ကြောင့် ဘုရားကြီးအား ဒေသတွင်းနှင့် ကမ္ဘာလှည့်ခရီးသွားများသာမက မြန်မာပြည် မြောက်ဖျားပိုင်းမှ ဘုရားဖူးများပါ လာရောက် ဖူးမြော်ကြလျက်ရှိပါသည်။ ဘုရားပေါ်ဘုရားဆင်းတုတော်ကြီးမှာ မြောက်ဦးမြို့အနီးရှိ ပြင်ဈေးချောင်းထဲမှတွေ့ရှိကာ ပင့်ဆောင်ကိုး ကွယ်ခဲ့ကြခြင်းဖြစ်ပြီး ဘုရား၏သမိုင်းမှာလည်း အထူးစိတ်ဝင်စားစရာ ကောင်းလှသည့်အတွက် ဤဆောင်း ပါးအား ရေးသား တင်ပြရခြင်းဖြစ်ပါ၏။ ဤရုပ်ပွားတော်ကြီးမှာ မြောက်ဦးခေတ်၌ ထင်ရှားသော ဘုရင်မင်း ရာဇာကြီး၏ကောင်းမှုတော်ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁ဝ၆၃ ခုနှစ်တွင် ရေထဲမှပင့်ဆောင် ကိုးကွယ်ခဲ့ခြင်းဖြစ် သည်။ ဘုရားကြီးမှာ ကုလားကျောင်းအောက်ခံနှင့် တည်ထားသောစေတီတော် ဂန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပယ်လျက်ရှိကာ ဥာဏ်တော် ၁၂ ပေ၊ သုံး လက်မ ရှိသော ဆင်းတုတော်ကြီးလည်းဖြစ်ပါသည်။ ထိုအချိန် မတိုင်ခင်က ဘုရားကြီးမှာ အနီးရှိပြင်ဈေးချောင်း၌ နှစ်ပေါင်း ၁၂၇၆ နှစ်တိုင်တိုင်...