ပုဂံပြည်၌ သာသနာအတွက် စတင် အသုံးပြုခဲ့တာမွန် ပိဋကတ်တော်လား ၊ ရခိုင် ပိဋကတ်တော်လား ။

ပုဂံပြည်၌ သာသနာအတွက် စတင် အသုံးပြုခဲ့တာ မွန် ပိဋကတ်တော်လား ၊ ရခိုင် ပိဋကတ်တော်လား ။ ✈ ★ ★ ★ ★ ★ ★❆ ★ ★ ★ ★ ★ ★ ★ ✈ ===================================== အပြည့်အစုံ ချပြချင်သောကြောင်း စာအနည်းမျှ ရှည်သွားသည် သမိုင်းအမှန်သိရှိရန်အတွက် သည်းခံပြီးဖတ်ပေးပါ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ အများစုပြောလေ့ရှိကြသော ပုဂံပြည်၌ သာသနာအကြောင်းမှာ မွန်က ပိဋကတ်သုံးပုံကို ပုဂံခေတ် အနော်ရထာက ယူပြီးမှ ပုဂံပြည်မှာ ဗုဒ္ဓဘာသာ ပြန့်ပွားလာတယ် ဆိုပြီးပြောနေကြတာရှိတယ် ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ် ဘာကြောင်းလဲ့ဆိုတော့ အဲ့မှာ စဉ်းစားစရာတစ်ခုရှိနေလို့ပါ ။ အမှန်သာ မွန်တွေဆီက ပိဋကတ်ကို ယူပြီး ပုဂံပြည်မှာ အသုံးပြုခဲ့တယ်ဆိုရင် ပုဂံပြည် ဗုဒ္ဓဘာသာဖြစ်လာတယ်ဆိုရင်.. အနော်ရထာခေတ် AD ၁၀၄၄ မှ အနည်းဆုံး ကျန်စစ်သားခေတ်လောက်ထိကို ရာဇာကုမာရ်ကျောက်စာ AD ၁၁၁၃ လောက်ထိကို ပါဠိနဲ့ရေးထိုးရမယ်ဆိုရင် မွန်ဘာသာပါဠိ အတိုင်းပဲရေးထိုးရလိမ့်မယ် ရာဇကုရ်မာကျောက်စာ ပါဠိ ဖက်ကို.. မွန် စာပေ ဝေါဟာရ အသုံးအနှုန်းနဲ့ပဲ ပါဠိ ဘာသာကိုရေးထိုးရလိမ့်မယ်.. ရာဇကုမာရ်ကျောက်စာ တစ်ခုတည်းမဟုတ်သေးဘူး.. သူထက်စောတဲ့ ပါဠိ ဘာသာထိုး ကျောက်စာ အုပ်ခွက် စာတွေလဲ့ မွန်ဘာသ...