ပုဂံပြည်၌ သာသနာအတွက် စတင် အသုံးပြုခဲ့တာ
မွန် ပိဋကတ်တော်လား ၊ ရခိုင် ပိဋကတ်တော်လား ။
✈ ★ ★ ★ ★ ★ ★❆ ★ ★ ★ ★ ★ ★ ★ ✈
=====================================
အပြည့်အစုံ ချပြချင်သောကြောင်း
စာအနည်းမျှ ရှည်သွားသည် သမိုင်းအမှန်သိရှိရန်အတွက် သည်းခံပြီးဖတ်ပေးပါ
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
အများစုပြောလေ့ရှိကြသော ပုဂံပြည်၌ သာသနာအကြောင်းမှာ
မွန်က ပိဋကတ်သုံးပုံကို ပုဂံခေတ် အနော်ရထာက ယူပြီးမှ ပုဂံပြည်မှာ ဗုဒ္ဓဘာသာ ပြန့်ပွားလာတယ် ဆိုပြီးပြောနေကြတာရှိတယ် ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်
ဘာကြောင်းလဲ့ဆိုတော့ အဲ့မှာ စဉ်းစားစရာတစ်ခုရှိနေလို့ပါ ။
အမှန်သာ မွန်တွေဆီက ပိဋကတ်ကို ယူပြီး ပုဂံပြည်မှာ အသုံးပြုခဲ့တယ်ဆိုရင် ပုဂံပြည် ဗုဒ္ဓဘာသာဖြစ်လာတယ်ဆိုရင်.. အနော်ရထာခေတ် AD ၁၀၄၄ မှ အနည်းဆုံး ကျန်စစ်သားခေတ်လောက်ထိကို
ရာဇာကုမာရ်ကျောက်စာ AD ၁၁၁၃ လောက်ထိကို ပါဠိနဲ့ရေးထိုးရမယ်ဆိုရင် မွန်ဘာသာပါဠိ အတိုင်းပဲရေးထိုးရလိမ့်မယ်
ရာဇကုရ်မာကျောက်စာ ပါဠိ ဖက်ကို.. မွန် စာပေ ဝေါဟာရ အသုံးအနှုန်းနဲ့ပဲ ပါဠိ ဘာသာကိုရေးထိုးရလိမ့်မယ်..
ရာဇကုမာရ်ကျောက်စာ တစ်ခုတည်းမဟုတ်သေးဘူး.. သူထက်စောတဲ့ ပါဠိ ဘာသာထိုး ကျောက်စာ အုပ်ခွက် စာတွေလဲ့ မွန်ဘာသာ ပါဠိ အသုံးအနှုန်း နဲ့ပဲရှိနေကြလိမ့်မယ်
ဘာကြောင်းလဲ့ဆိုတော့ စာပေ၏သဘောသဘာဝကိုက... ချက်ချင်း ပြောင်းလဲ့လာခြင်းမဟုတ် နှစ်အတော်ကြာ အချိန်ယူရတယ် တဖြည်းဖြည်း ဖြစ်လာတယ် ။
ဒါစာပေတစ်ခု၏ သဘောသဘာဝပါပဲ
ဒါပေမယ့် အခုတော့ အဲ့သလိုမဟုတ်ချေ.. အနော်ရထာက မွန်တွေဆီက ပိဋကတ်သုံးပုံကိုယူပြီး မွန် ရဟန်းတော် အရှင်အရဟံက ပုဂံပြည်မှာ ဗုဒ္ဓတရားတွေကို ဟောပြောပြီး ပုဂံပြည်မှာ ဗုဒ္ဓဘာသာ နှင့် ပါဠိစာတွေကို စတင်အသုံးပြုလာတယ်ဟုပြောဆိုကြပြီးသောလည့် အနော်ရထာခေတ်မှကိုက မွန်ဘာသာပါဠိစာပေနဲ့ မရေးထိုးပဲ ချက်ချင်းဆိုသလို လက်ရှိပါဠိရေးအတိုင်း စာပေအက္ခရာမျိုးနဲ့သာရေးထိုး ထားတာတွေ့ရတယ်
ဒီတော့ ဘာကြောင်း ချက်ချင်းဆိုသလို လက်ရှိပါဠိရေးတဲ့အတိုင်းမြန်မာစာပေခေါ်အက္ခရာ မျိုးနဲ့ရေးထိုးနိုင်ရတာလဲ့ ရှိနေရတာလဲ့ ။ ၎င်း မြန်မာအက္ခရာခေါ် ပါဠိရေးနည်း နဲ့ မြန်မာ့အက္ခရာမျိုးကကော ဘယ်ကရသလဲ့ ၊ ပုဂံပြည်မှာ ( ကခဂဃင) ဖြစ်လာမယ့် ဆင့်ကဲ့ပြောင်းလဲ့လာသော ကျောက်စာအထောက်အထား စာမျိုးရှိသလား ။ ဥပမာ>> ဗြဟ္မီ>နာဂရီ >ဂုပ္တ စသည့်အက္ခရာမျိုး..
၎င်း ( ကခဂဃင) မြန်မာ့အက္ခရာစာမျိုး မဖြစ်ပေါ်ခင် ဗြဟ္မီ>နာဂရီ >ဂုပ္တ စသည့် အက္ခရာမျိုးနဲ့ ပါဠိ ၊မိမိဘာသာစကား စသည့် စာပေအရေးအသားများ ပုဂံပြည်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သော ကျောက်စာအထောက်အထား ရှိခဲ့ကြသလား ဆိုတာ
ဒါတွေကို စဉ်းစားဖို့လိုပါတယ် ။
ပုဂံပြည်၏သာသနာအကြောင်းကို ပြောတိုင်း မွန်တွေ ဖက်ကို ကြည့်ပြီးပြောလေ့ ရှိကြတယ် ။
ဒါပေမယ့်
အဲ့အချိန်အခါ ရခိုင်ဖက်ကိုလည့် ထည့်စဉ်းစားဖို့ လိုနေတယ်ဆိုတာ လူတွေ မေ့နေကြတယ် ။ အဲ့အချိန် ရခိုင်က သီးခြားလွတ်လပ်တဲ့ ဘုရင့်နိုင်ငံတော်ဖြစ်နေတယ် အချမ်းသာဆုံးတိုင်းပြည်တစ်ခု အဖြစ်ရပ်တည်နေတယ် ။ ကူးသန်းရောင်းဝယ် ကုန်သွယ်မှုတွေ နှင့် လူမှုဆက်ဆံမှုတွေက.. အိန္ဒိယ ၊ မွန် ၊ ပုဂံ စသည်တွေက ရှိနေတယ် ။ စာပေ မျိုးမှာလဲ့ ရခိုင်ဖက်မှာ ဗြဟ္မီပွားနာဂရီ>ဂုပ္တ အက္ခရာမျိုးတွေကိုတွေကို AD ၄.. ၅ ရာစု ဝေသာလီကခေတ်ထိကို အသုံးပြုလာပြီး ယင်းကနေတစ်ဆင့် (ကခဂဃင)ရခိုင်စာ (ခေါ်) ရက္ခဝဏ္ဏအက္ခရာအဖြစ်သို့ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ့ပြီးစတင် အသုံးပြုလာခဲ့ကြတာဖြစ်တယ်။
ရခိုင့်၏ ဗုဒ္ဓဘာသာ သာသနာကလည့် သိကြတဲ့အတိုင်း ဓညဝတီတိုင်း BC ၆ ရာစုကတည်းက ဗုဒ္ဓနှင့်အတူ စန္ဒသူရိယဘုရင်ခေတ်ကနေ ရခိုင်ပြည်မှာ ဗုဒ္ဓသာသနာထွန်းကားလာပြီး အာနန္ဒစန္ဒြမင်းလက်ထက် AD ၆၄၀ _၆၄၉ အတွင်းမှာ ရခိုင်ပြည် ရဟန်း ၁၀၀၀ နှင့် သီဟိုဠ်မှ ရဟန်း ၁၀၀၀ ပေါင်း ရဟန်း ၂၀၀၀ တို့ စတုတ္ထသင်္ဂါယနာတင်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ် (အာနန္ဒစန္ဒြမင်းကျောက်စာ သက်သေတည်)
ဒီတော့ ပုဂံပြည်၌ရေးထိုးသော မြန်မာကျောက်စာများ ဆိုသော ကျောက်စာများသည်လည့် ရခိုင့်စာပေ ရခိုင့်ဝေါဟာရများ အတိုင်းသာ ဖြစ်နေတယ် ဆိုတာ သိထားရမယ် ။ မွန်တွေဆီက ပိဋကတ်တော်တွေကို ယူခဲ့တယ် ဆိုသောငြားလည်း ပါဠိဘာသာကို အနော်ရထာခေတ်မှာကိုက ပါဠိဘာသာကို လက်ရှိ စာပေရေးနည်းအတိုင်း ပါဠိဘာသာကို ရေးထိုးတာတွေက ဖြစ်နေတယ် ရှိနေတယ် ။ ၄င်း မြန်မာစာပေ နှင့် ပါဠိရေးနည်းတွေက ဘယ်က ပိဋကတ်တော်တွေကို အသုံးပြုပြီး လက်ရှိစာပေ ပါဠိရေးနည်းအတိုင်း ရေးထိုးနိုင်ခဲ့ကြသလဲ့ ဆိုတာကို သုံးသပ်ပြီး ရခိုင်နဲ့ယှဉ်ကြည့်လိုက်ရင် အဖြေက ကွင်းကွင်းပေါ်နိုင်မယ်ထင်ပါတယ် ။
✔ ✔ ✔ ✔ ✔
Zaw KoKo (မဟိံသကတိုင်း)
=======================================
ပုဂံရောက်ရခိုင်
ပုဂံပြည်တွင် အနော်ရထာမင်းသည် ခရစ်သက္ကရစ် ၁၀၄၄-၁၀၇၇ ခုနှစ်ထိ ထီးနန်း စိုးစံခဲ့သည်။ ရခိုင်ပြည် ပဉ္စာမြို့ခေတ် မင်းဘီလူး ၁၀၆၂-၁၀၆၈ ကို လုပ်ကြံ၍ ကြားမင်း (သာဂီနွယ်မဟုတ်သူ) ၀ရောင်းငှက် သင်္ခယာ ထီးနန်း ရရှိလာသည်။ သာဂီနွယ်ရိုး မင်းဘီလူး ၏သား မင်းရဲဘယ သည် သားတော် လင်္ကျာမင်းနန် ကိုခေါ်၍ နောက်လိုက် တစ်ထောင် ခန့်နှင့် (လူပေါင်း ၇၅၀ ဟုဆိုသည်) ပုဂံပြည် အနော်ရထာမင်းထံ ခိုလှုံလေသည်။ ကျန်စစ်သားမင်း လက်ထက်တွင် လင်္ကျာ မင်းနန်ကို နန်းတင်ရန် ရခိုင်ပြည် ကို တိုက်ခိုက် ခဲ့လေသည်။ ထိုသို့ တိုက်ခိုက်ခဲ့ သော်လည်း ရခိုင် ထီးနန်းမရရှိခဲ့ပေ။ တောင်စဉ် ၇ ခရိုင်ကို သာလျှင် သိမ်းယူ သွားလေသည်။ အလောင်း စည်သူမင်း လက်ထက်ရောက်မှ သာလျှင် လင်္ကျာမင်းနန်မှာ ရခိုင် ထီးနန်းကို ပြန်လည် ရရှိလေသည်။ အနော်ရထာ စောလူး ငရမန် ကျန်စစ်သား အလောင်းစည်သူ မင်းငါးဆက် ၃၅ နှစ်ကြာမျှ ပုဂံပြည်တွင် ရခိုင်သားတို့ နေထိုင်ခဲ့ကြ လေသည်။
ပုဂံရောက်ရခိုင်စာအရေးအသား
ပုဂံပြည်ရောက် လင်္ကျာမင်းနန်နှင့် နောက်လိုက်တို့မှာ ဗုဒ္ဓ၀ါဒနှင့် စာပေကို မပြတ် လေ့လာ ဆည်းပူး ကြမည်မှာ မလွဲပေ။ ရခိုင်တို့၏ စာပေ ယဉ်ကျေးမှု အလေ့အထ ဗုဒ္ဓဘာသာ ကိုးကွယ်မှု တို့ကို ပုဂံသားတို့ မုချတွေ့မြင် ကြရမည် ဖြစ်သည်။ အနော်ရထာမင်းသည် သထုံမှ ရှင်အာရဟံ ပုဂံသို့ မရောက်မှီ ကတဲကိုက ရခိုင်သို့ စစ်ချီဖူးလေရာ ရခိုင်သားတို့ ကိုးကွယ်သော ဗုဒ္ဓဘာသာနှင့် မိမိတို့ ကိုးကွယ်သော ကါမကို အလျှူခံသော အရည်းကြီး ဗုဒ္ဓ သာသနာ တို့၏ ကွဲပြား ခြားနားမှုကို တွေ့ခဲ့ရမည်ဖြစ်သည်။ ပုဂံခေတ်တွင် ပုဂံနှင့် မဇ္ဈိမဒေသ သည် ကူးလူး ဆက်ဆံမှု မရှိသည့် အတွက် စာပေရေးသားရာ၌ မြောက်ပိုင်း ဗြာဟ္မီ အက္ခရာ အစား ပျူစာကိုသာလျှင် အဓိက ရေးသားသုံးစွဲ ကြလေသည်။ ထို့ပြင် ပျူခေတ်နှင့် ပုဂံ ခေတ်တွင် ရေးထိုးထားသော ကျောက်စာများမှာ ရခိုင်ပြည်ရှိ ကျောက်စာများထက် နောက်ကျ ကြောင်း ပညာရှင်များ လက်ခံထားကြသည်။ ဤနေရာတွင် တခုသတိ ထားသင့် သည်မှာ မွန်ထက် ဗမာသည် ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုမှာ စောနေခြင်းပင် ဖြစ်ပါသည်။
ပုဂံသားတို့သည် ယဉ်ကျေးမှု မြင့်မားသော ရခိုင်တို့၏ စာပေ ယဉ်ကျေးမှု အတတ် ပညာကို အတုယူ၍ စာပေရေးသားမှု တိုးတက်လာသည်။ ရခိုင်သားတို့ ပုဂံပြည်သို့ ရောက်သွားခြင်းကြောင့် သည်သာလျှင် ရခိုင်စာဖြစ်သော မြမ္မာစာကို ဗမာတို့ ရေးတတ် သွားခြင်းဖြစ်သည်။ ထို့ကြောင့် လေးလုံးစပ် ဖြစ်သော တူရွင်းတောင် ကဗျာနှင့် အနန္တသူရိယ အမတ်၏ မျက်ဖြေ လင်္ကါ အဆုံး စာပေရေးသား ဖွဲ့နွဲ့ပုံမှာ ရခိုင်၏ ဖွဲ့နွဲ့ပုံနှင့် အတူတူပင် ဖြစ်ပါသည်။ ထို့ပြင် ဗမာတို့သည် ရခိုင်သားတို့၏ စာပေ ရေးသား ဖွဲ့နွဲ့ပုံ စနစ်ကို တချို့ တ၀က်မျှသာ ရေးတတ်သေးသည်။ ဇမ်းခြင်း၊ သာခြင်း၊ အဲခြင်း ဒုံးခြင်း တို့ကို ယနေ့ထက်ထိ မရေးတတ် သေးပေ။ ထိုထက်မက ရခိုင်တို့၏ နာမည်ပေး နည်းစနစ်ကို ပျူခေတ် မှ စ၍ ဗမာတို့၏ နာမည် ပေးပုံ ပေးနည်းစနစ်မှာ ရခိုင်နှင့် အနီးစပ်ဆုံး တူလေသည်။ ပုဂံခေတ်တွင်မူ ပျူ နာမည်ပေး နည်းစနစ်မှ ရခိုင်တို့၏ နာမည်ပေး နည်းစနစ်ကို အတုယူကါ ဗမာတို့ နာမည်ပေး လာကြသည်ကို တွေ့ရလေသည်။ ပင်းယ အင်းဝ ခေတ်တွင်မူ ရခိုင် နာမည်ပေးပုံ စနစ်နှင့် ဗမာနာမည် ပေးပုံစနစ်မှာ အတူတူလောက် နီးပါးဖြစ်လာလေသည်။ အင်းဝခေတ် နာမည်ကြီး ပုဂ္ဂိုလ်များဖြစ်သော ရှင်မဟာရဋ္ဌသာရနှင့် ဘုရင်မင်းခေါင် တို့မှာ မြောက်ဦး မြို့တွင် ပရိယတ္တိ စာပေ သင်ကြားခဲ့ဖူးကြောင်း အထောက်အထား ရှိနေသည်။ ဗမာမင်း အဆက်ဆက်သည် မွန်တို့ထံ၌ ပညာဆည်းပူးကြောင်း သမိုင်းတွင် မတွေ့ရပေ။
ဗမာတို့သည် ပုဂံခေတ်မှစ၍ ရခိုင်နှင့် ပျို့ ကဗျာ လင်္ကာ ရကန် ရေးဟန်များမှာ အတူတူပင်ဖြစ်သည်။ သို့သော် ဝေါဟာရ မကြွယ်သော ဗမာတို့မှာ ကန်းပိုင်ကို ကန်ပိုင်ဟု ရေးသည်မှအပ အသံထွက်မှအစ ကွဲပြားမှု မရှိပေ။ ပုဂံခေတ် စာပေ ယဉ်ကျေးမှုထက် စောစီးစွာ ပျို့ ကပျာ(ကဗျာ) လင်္ကါ အဲ အံ သာခြင်း နှင့်တကွ အဘက်ဘက်မှ စာပေ အရေး အသား ပြည့်စုံပြီး ဖြစ်နေသော ရခိုင်စာပေကို ဗမာတို့ မသိကျိုးကျင်ပြု၍ မြန်မာစာကို မွန်တို့ထံမှ ရသည်ဟု ဆိုကြလေသည်မှာ ပြောအားရှိ၍ ပြောခြင်းသည်သာ ဖြစ်ပါပေလိမ္မည်။ မင်းဘီလူး နန်းကျ အေဒီ ၁၀၆၈ မှ လင်္ကျာမင်းနန် နန်းရသည့်နှစ် အေဒီ ၁၁၀၃ ထိ ကြားကါလ ၃၅ နှစ်အတွင်း ပုဂံတွင် ရခိုင်သားတို့ နေထိုင်ခဲ့ကြသည်။ ရခိုင်ပြည်မှ လူတထောင်ခန့် ပုဂံတွင် ၃၅ နှစ်တိုင် နေထိုင်ခဲ့ ကြသည့်အတွက် လူမှုရေး နိုင်ငံရေး စီးပွားရေး ဘာသာရေး တို့မှာ တနည်းမဟုတ် တနည်းနှင့် ဆက်နွယ်မှု ရှိခဲ့ကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ထို့ပြင် ဗမာဆရာတို့၏ ဗေဒင်တွက်ချက်မှု အရ ကျန်စစ်သား နန်းလုမည်ကို စိုးရိမ်၍ သုံးကြိမ် တိတိ လူသတ်ခဲ့သော အနော်ရထါမင်းသည် ရခိုင်ဗေဒင်ဆရာ တို့ကြောင့် အဖြစ်မှန်ကို သိကါ နောက် ထပ်မံ၍ လူသတ်ခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ ထိုအချိန်က ပုဂံတွင် စစ်မှန်သော ဗုဒ္ဓအယူဝါဒ စတင် ထွန်းကားစ ပြုနေရာ ဗုဒ္ဓ၏ စစ်မှန်သော အယူဝါဒ ရှိသော ရခိုင်လူမျိုး တို့ကို ပုဂံသားတို့ အလိုရှိကြမည်မှာ မလွဲပေ။ ပျူစာမှ မြမ္မာစာသို့ အကူးနှစ်ပေါင်း ၂၀ ကျော် အတွင်းတွင် မြစေတီ ကျောက်စာကို ရေးခဲ့သည်။ ဤသို့ ရေးနိုင်သည်မှာ ရခိုင်သားတို့ ကြောင့်ပင် ဖြစ်သည်။ မြစေတီကျောက်စာတွင် ပျူစာ မွန်စာ ပါဠိ (မြမ္မာ)စာ မြမ္မာစာ လေးခုနှင့် ရေးထိုးထားရာ မြမ္မာဘက်သည် ရခိုင်ကို ကိုယ်စားပြု၍ ရေးထိုးထားသော စာသာ ဖြစ်လေ သည်။ မြစေတီ ကျောက်စာ၏ အရေးကြီးဆုံး အပိုင်းမှာ ပါဠိ အသံထွက် အတိုင်း မြမ္မာစာကို ရေးသားထါးခြင်း ပင်ဖြစ်သည်။ ပုဂံခေတ်မှ စ၍ ဗမာတို့ ပါဠိစာကို ရေးတတ်သည်ဟု ဆိုလျှင် မင်းတုန်းမင်း လက်ထက်၌ ရေးထိုးထါးသော မန္တလေး ကျောက်စာတွင် ပါဠိ ၇၀၀ ကျော်ခန့် မှားရန်မသင့်ပေ။ ထို့ကြောင့် အမှန်အတိုင်း ပြောရမည်ဆိုလျှင် ပုဂံခေတ် မြစေတီ ကျောက်စာ ၏ ပါဠိဘာသာ အသံထွက်အတိုင်း ရေးခဲ့သူမှာ ရခိုင်သားတို့ သာလျှင် ဖြစ်ပေသည်။ ထို့ပြင် ပုဂံခေတ်တွင် ရေးထိုးသော မြစေတီ ကျောက်စာ ပါဠိစာနှင့် မင်းတုန်းမင်း လက်ထက် ရေးထိုးသော ကျောက်စာ နှစ်ခုကို ကြည့်၍ လေ့လာပါက ပါဠိစာအရေးအသားတွင် မြစေတီ ကျောက်စာကို မမှီကြောင်းတွေ့ရ ပေလိမ့်မည်။
ဗမာတို့၏နာမည်ယဉ်ကျေးမှုကိုထီထွင်ခဲ့သည့်ပုဏ္ဏားလူမျိုးဆရာကြီးဦးရာမ
ဗမာနာမည်ယဉ်ကျေးမှုဖြစ်ပေါ်မလာမှီသမိုင်းနောက်ခံ
လူမျိုးတမျိုးသည် မိမိစာပေနှင့် ယှဉ်၍သာလျှင် နာမည်ထါးလေ့ ရှိသည်။ ထိုအတိုင်းပင် ပုဂံခေတ်တွင် ဗမာတို့သည် မြန်မာစာကို မတတ်မှီ အချိန်က ရခိုင်သားတို့ ပုဂံသို့ မရောက်မှီ အချိန်က ပျူစာနှင့်ယှဉ်သော ပျူနာမည် ထါးနည်းစနစ်ကိုသာ ကျင့်သုံး ခဲ့ကြသည်။
သမုဒရစ်၊ ရသေ့ကြောင်၊ ပျူမင်းထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ်လေ၊ သေည်လည်ကြောင်၊ ကြောင်ဒူရစ်၊ သည်းထန်မင်း၊ မုက္ခမန်(အမတ်)၊ သာရမွန်၊ သိုက်တိုင်၊ သေည်လည်ကြောင်ငယ်၊ သေည်လေပိုက်၊ ခန်းလောင်း၊ ခန်းတက်၊ ထွန်ထိုက်၊ ထွန်ပိုက်၊ ထွန်ခြစ်၊ ပုပ္ပါးစောရဟန်း၊ ရွှေအုံးသီး၊ ပိတ်သုံ၊ ပိတ်တောင်း၊ စောခွေး၊ မြင်းကျွှေး၊ သိန်းခံ၊ သိန်းခွံ၊ ထွန်တွင်း၊ ရွှေမှောက်၊ ထွန်လတ်၊ စောခင်နစ်၊ ခဲလူး၊ ပျည်ပြား၊ တန်နက်၊ စလေငခွေး၊ သိန်းခို၊ ညောင်ဦးစောရဟန်း၊ ကွမ်းဆော်ကြောင်ဖြူ၊ ကျဉ်စိုး၊ စုက္ကတေး။ ။ အထက်ပါ မင်းများ၏ နာမည်များတွင် ပါဠိနာမည်ဖြင့် နာမည်ပေး နည်းစနစ်ကို မတွေ့ရပေ။ အနော်ရထါမင်း လက်ထက် ရခိုင်သားများ ပုဂံသို့ရောက်ပြီးမှသာလျှင် အနော်ရထါ(ပါဠိပျက်)၏ နာမည်သည် သီရိအနုရုဒ္ဓဒေ၀ (ပါဠိစစ်စစ်နာမည်) ဟူ၍ ဖြစ်လာလေသည်။ ထို့ပြင် အနော်ရထါမင်းနောက် ဆက်ခံသော စောလူး၊ ကျန်စစ်၊ အလောင်းစည်သူ၊ မင်းရှင်စော၊ နရသူ၊ နရသိင်္ခ၊ နရပတိစည်သူ၊ ဇေယျသိင်္ခ၊ ကျစွာ၊ ဥဇနာ၊ နရသီဟပတေ့၊ သီဟသူ၊ ကျော်စွာ၊ စောနစ်၊ စောမွန်နစ်၊ မင်းတို့တွင်လည်း ပါဠိနာမည်ပေးနည်း စနစ်နှင့် ရခိုင်သားတို့၏ နာမည်ပေးနည်း စနစ်တို့ကိုသာ တွေ့ရလေသည်။
မွန်လူမျိုးတို့၏နာမည်ယဉ်ကျေးမှု
အေဒီသက္ကရာဇ် ၁၀၀၀ တစ်ထောင် ခန့်မှစ၍ မွန်တို့၏ နာမည်များကို လေ့လာ ကြည့်လျှင် သီဟရာဇာ(မဏ္ဍလိပ်)၊ ဘာနုရာဇာ၊ သုဝဏ္ဏမဟေသီ၊ နရုတိ၊ သမလ၊ ၀ိမလ၊ ဂိန္ဒရာဇာ၊ မိဂါဒိဗ္ဗ၊ ဂိဇ္ဈဒိယရာဇာ၊ က၀ိတ၊ ပဉ္စလရာဇာ၊ အတ္တသာရ၊ အနုရာမ၊ မိဂါဒိဗ္ဗငယ်၊ အဂ္ဂသမန္တရာဇာ၊ ပုဏ္ဏရိက၊ တိဿ၊ မနူဟာ၊ ဗညားဓမ္မရာဇာ၊ ဗညားရံ၊ ဗညားရူပ၊ ဗညား ကျန်း၊ လိပ်မွတ်ထော၊ သမိန်ဗရမ်း ဗညားဒလ လဂွမ်းအိမ် ရာဇာဓိရာဇ် စသော အမည်များကို တွေ့ရသည်။ မွန်ယဉ်ကျေးမှုသည် ဗမာတို့အပေါ် ယဉ်ကျေးမှု အရ လွှမ်းမိုးသည် ဆိုလျှင် ဗမာ တို့သည် မွန်တို့ကို အထင်ကြီး သည်ဆိုလျှင် ဗမာတို့၏ နာမည်ပေး ယဉ်ကျေးမှု၌ မွန် နာမည် တို့ကို တွေ့ကြရ မည်ဖြစ်သည်။
ရခိုင်နာမည်ယဉ်ကျေးမှု
ရခိုင်တို့သည် ဘာသာ အယူ စာပေ ၀တ်စားဆင်ယင်မှု စသည့် ယဉ်ကျေးမှု တို့ကို ဟိန္ဒုတို့ထံမှ လက်ခံ၍ နည်းနာ ယူခဲ့ကြသည်။ ဟိန္ဒု ယဉ်ကျေးမှုသည် ရခိုင်ကို လွှမ်းမိုးခဲ့သည်။ ဘီစီ ၃၃၂၅ ခု မတိုင်မှီက မင်းအမည် မိဖုရားအမည် တို့ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ဗြဟ္မဏရာဇာ အဉ္စနဒေ၀ီ ၀ါသုဒေ၀ ဗလဒေ၀ ဗြဟ္မဏသုန္ဒရ သုနန္ဒရီ စသည့် အမည်တို့မှာ ပါဠိနာမည် ပေးနည်း များပင်ဖြစ်လေသည်။ ပထမ ဓည၀တီခေတ် ဘီစီ ၃၃၂၅-၁၅၀၇ ခု အတွင်းတွင် ပါဠိဘာသာဖြင့် နာမည်ပေးခြင်း အပြင် ကိုယ်ပိုင် ရခိုင် နာမည် ပေးနည်း စနစ် ကိုပါ ထီထွင် သုံးစွဲလာနိုင်ခဲ့ကြသည်။ မာရယု မာရအုံ သူရိယစန္ဒရား ကံရာဇာကြီး ကံရာဇာငယ် သာရမိတ္တ မင်းထီး စည်ပေါင်သူ ကျော်ခေါင်စည် လင်္ကျာစည်သူ ဇေယျနန္ဒသူ မင်းလှမွေး မင်းလှကြီး မင်းနံဖြူ မင်းခေါင်ငယ် မင်းသီဟ မင်းငယ်ပျော်လှစည်သူ စသည့် အမည်များကို တွေ့ရသည်။ ထို့ပြင် မိဖုရား အမည်များမှာ ရုစ်မာလာ သီလဘီ ဓမ္မဒေ၀ီ သုဘရူပီ သုလာပီ စောမာလာ စောပန်းကုံး စောပန်းနု စောပန်းဝေ ငွေဒါးအိမ် ရှင်လှကျော် ကလျှာဝင်း စောညက်ထွား ဆင်းလှရွှေ ရွှေစင်ဦး စောလှခေါင် ပတ္တမြားသွေး စောစစ် စောဘုန်းထွဋ် စသည့် အမည်တို့ကို တွေ့ရသည်။ ဤနာမည်များသည် ဘီစီခေတ် ရခိုင် နာမည်များ ဖြစ်လေသည်။
ပုဂံရောက်ရခိုင်
ပုဂံပြည်တွင် အနော်ရထာမင်းသည် ခရစ်သက္ကရစ် ၁၀၄၄-၁၀၇၇ ခုနှစ်ထိ ထီးနန်း စိုးစံခဲ့သည်။ ရခိုင်ပြည် ပဉ္စာမြို့ခေတ် မင်းဘီလူး ၁၀၆၂-၁၀၆၈ ကို လုပ်ကြံ၍ ကြားမင်း (သာဂီနွယ်မဟုတ်သူ) ၀ရောင်းငှက် သင်္ခယာ ထီးနန်း ရရှိလာသည်။ သာဂီနွယ်ရိုး မင်းဘီလူး ၏သား မင်းရဲဘယ သည် သားတော် လင်္ကျာမင်းနန် ကိုခေါ်၍ နောက်လိုက် တစ်ထောင် ခန့်နှင့် (လူပေါင်း ၇၅၀ ဟုဆိုသည်) ပုဂံပြည် အနော်ရထာမင်းထံ ခိုလှုံလေသည်။
ပုဏ္ဏားလူမျိုးဆရာကြီးဦးရာမ၏နာမည်ပေးနည်းစနစ်
ဗြာဟ္မဏလူမျိုးဆရာကြီးဦးရာမသည် ရှင်မှာအစ လူမှာအလယ် တိရိစ္ဆာန်တွင် အဆုံး အက္ခရာဖြင့် နာမည်ပေးနည်းနှင့် ကြက်သွန်ဖြူဥတလုံးစု နည်းတို့မှာ ဗမာနာမည်ပေး နည်း မဟုတ်သည်ကိုသိ၍၊ ဗမာလူမျိုးတို့တွင် နာမည်ပေး ယဉ်ကျေးမှု မရှိသည်ကို သိ၍၊ ပြည်ထေါင်စု ခေတ်တွင် ပထမဆုံး အထေါက်အထါး အခိုင်လုံဆုံး ကိုယ်ပိုင်ဗမာနာမည် ထါး နည်းစနစ်ကို ထီထွင်ခဲ့သည်။
တနင်္ဂနွေသားသမီးဖြစ်မူ။ ။ အစအက္ခရာ တနင်္ဂနွေ၊ အလယ်အက္ခရာ တနင်္လာ ကြာသပတေး သောကြာ၊ အဆုံးအက္ခရာမှာ ဗုဒ္ဓဟူး စနေ။
တနင်္လာသားသမီးဖြစ်မူ။ ။ အစ တနင်္လာ၊ အလယ် အင်္ဂါ သောံကြာ စနေ၊ အဆုံး တနင်္ဂနွေ ဗုဒ္ဓဟူး ကြာသပတေး။
အင်္ဂါသားသမီးဖြစ်မူ။ ။အစ အင်္ဂါ၊ အလယ် တနင်္ဂနွေ ဗုဒ္ဓဟူး စနေ၊ အဆုံး တနင်္လာ ကြာသပတေး သောကြာ။
စသည့် ဗမာတို့တွင် နာမည်ပေးနည်းစနစ် မရှိသည်ကို သိ၍ ရှိအောင်လုပ်ပေးခဲ့သည်။ ဤပုဏ္ဏား များသည် မြင့်မြတ်သော ဇာတ် ရှိသူများ ဖြစ် ၍ အင်းဝမင်းထံတွင် အမှုတော်ထမ်း၍ တိုင်းပြည်အကျိုးကို ဆောင်ရွက်လာသည်မှာ ယနေ့ထက်တိုင် ဦးရာမ၏သား ဆရာဒဂုန်ဟုသော နာမည်ဖြင့် ကျန်ရှိ ခဲ့သေးသည်။ (ယခု ကွယ်လွန်)
ဗမာမင်း အဆက်ဆက်ထံတွင် ပညာရှိ လုပ်လျှက် နေထိုင်ခဲ့ သော်လည်း ဤ ပုဏ္ဏားလူမျိုး ဗြာဟ္မာဇာတ်တို့ကို ဗမာတို့၏ ဇာတ်ဝံသ မရှိသော နေရာတွင် လိုသလို အသုံးချကါ လူမျိုး တမျိုး အဖြစ် သတ်မှတ်ခြင်းကို မခံခဲ့ကြရပေ။
ဦးကျော်ခိုင်
ကျမ်းကိုး။ ၁။ အာတပ္ပနလက်တွေ့ဗေဒင်ဟောနည်းကျမ်း ဆရာကြီးဦးရာမ
Credit > ကျားကြီးကျော်ခိုင်အောင် (U Kyaw Khine)
ဒီတော့ ပုဂံပြည်၌ သာသနာ သည် မွန် ပိဋကတ်တော်လား ၊ ရခိုင် ပိဋကတ်တော်လား ဆိုတာ အဖြေပေါ်နိုင်မယ်ထင်ပါတယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ် သမိုင်းအမှန်ဖြင့် ရှင်သန်နိုင်ကြပါစေ ။
♡ ♡♕ ♡ ♡
✈ ★ ★ ★ ★ ★ ✈
Žaw Win (ဓညဝတီတိုင်း )