ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားသော ရခိုင်ပြည် ဒင်္ဂါးများ
ရှေးခေတ် ရခိုင်ပြည်မှ အပ ကမ္ဘာတွင် မည်သည့်နေရာမှ မတွေ့ရသည့် ဒင်္ဂါး၊ ရခိုင်ဓည၀တီပြည်သုံး ဒင်္ဂါးဖြစ်သောကြောင့် ဤဒင်္ဂါးကို ရခိုင်ဒင်္ဂါး ဟုခေါ်သည်။ ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားသောကြောင့် ဒီဒင်္ဂါးများသည် အေဒီ ၂-၃ ရာစု ထက် နောက်မကျသော ဒင်္ဂါးဖြစ်မည်ဟု ခန့်မှန်းရသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှသော ဒင်္ဂါးများ၌ ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားသော ဒင်္ဂါးများကို ယနေ့တိုင် မတွေ့ရှိရသေးပါ။ ဤဒင်္ဂါးများသည် မြန်မာနိုင်ငံတွင် ဗြဟ္မီအက္ခရာ ထိုး အစောဆုံးဒင်္ဂါးဖြစ်ဟန်ရှိသည်။