ရက္ခိုင် ပြည်ဗုဒ္ဓသာသနာ မြန်မာနိုင်ငံကို လွမ်းခြုံထား

ရက္ခိုင်ပြည်ဗုဒ္ဓသာသနာ မြန်မာနိုင်ငံကို လွမ်းခြုံထား ®®®®®®®®®®®®®®®®®®®®®®®®® မြတ်ကိုးပါး ဘုရား သမိုင်း အကျဉ်းချုပ် ၁။ မြတ်စွာဘုရား ပွင့်တော်မမူမီ နှစ်ပေါင်း(၃၀၀) ခန့် လောက်က တကောင်းပြည်ကြီးဍ် အဘိရာဇာမင်း မင်းပြု၏။ ထိုမင်းနတ်ရွာစံသောအခါ သားတော်ကံရာဇာကြီး ကံရာဇာငယ်တို့  ကုသိုလ်စစ်ထိုးကြရာဍ် ကံရာဇာကြီးစစ်ရှုးံ၍ ရခိုင်ပြည်နယ် ဓညဝတီမြို့ ကို တည်ထောင်၍ မင်းပြုတော်မူ၏။ ကံရာဇာကြီး မင်းမှစ၍ မင်းပေါင်း(၂၈)မြောက်သော အခါ သီရိ ရာဇာမင်း ပေါ်ထွန်းကာ ဝိမလဒေဝီ မိဘုရားနှင့် ထီးနန်းအုပ်ချုပ်မင်းလုပ်ခဲ့ရာ ဝိမလဒေဝီမိဘုရားမှ စန္ဒသူရိယမင်း ဥဒုမ္ဗရဒေဝီ သားတော်၊ သမီးတော်နှစ်ပါးဖွားမြင်တော်မူ၏ ။စန္ဒသူရိယမင်းသည် စန္ဒမာလာ မင်းသမီးအား မိဖုရားမြှောက်၍ မင်းပြု၏။ ၂။ ထိုအခါကာလ မဇ္မိုမဒေသ ဣန္ဒြိယပြည်တွင် မြတ်စွာဘုရား ပွင့်ကြောင်း သတင်းကောင်းကြားရ၍ စန္ဒသူရိယမင်းသည် မြတ်စွာဘုရားအားဖူးမြင်လိုသော ဆန္ဒပြင်းပြလှသဖြင့် နှမတော်ဥဒုမ္ဗရဒေဝီအား ပြောကြားရာဍ် မောင်တော် မြတ်စွာဘုရားတို့ မည်သည် ဖူးမြင်လို၍ ပင့်လျောက်ပါက ကြွတော်မူလေ့မယ်၊ သို့ အတွက် ရည်မှန်း၍ ပင့်လျောက်တော်မူပါဘုရားဟု လျောက်၏ နှမတော်လျောက်ထားချက်အရ စန္ဒသူရိယမင်းသည် (၇) ရက်ပ...