Posts

Showing posts with the label ရခိုင်တို့ လူသေရင် သင်္ဂြိုလ်ပုံ အစဉ်အလာ။

ရခိုင်တို့ လူသေရင် သင်္ဂြိုလ်ပုံ အစဉ်အလာ။

Image
ရခိုင်တို့ လူသေရင် သင်္ဂြိုလ်ပုံ အစဉ်အလာ။ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★  ဗဟုသုတ။..... မြင်းမိုရ် ဦးတိုက်နဲ့ နန်းတော်ဦးတိုက် ရခိုင်ပြည်မှာ အစဉ်အလာအရ အသုဘမီးသင်္ဂြိုလ်တယ်၊ မြေမြုပ်သင်္ဂြိုလ်တဲ့အခါ။ မြောက်အရပ်ကို ခေါင်းရင်းထား သင်္ဂြိုလ်လည့်ရှိကြတယ်။ မြောက်အရပ်မှာ မြင်းမိုရ်တောင် ရှိတဲ့အရပ်လို့ ယူဆပြီး အဲ့လို သင်္ဂြိုလ်တာဖြစ်တယ်။ ဒါကို မြင်းမိုရ် ဦးတိုက်သင်္ဂြိုလ်တယ်လို့ဆိုပါတယ်။ ရခိုင်ပြည် ဗမာ(အောက်သား)မောင်ဝိုင်းလက်အောက် ကျရောက်ပြီး လေးမြို့ဝန်ခေတ်မှာ ရခိုင်​တို့၏ အစဉ်အလာအတိုင်း မြင်းမိုရ် ဦးတိုက်သင်္ဂြိုလ်ခွင့်မပြုဘဲ၊ အမရပူရနန်းတော်ရှိရာ အရှေ့အရပ်ကို ခေါင်းရင်းထား ဦးတိုက်လို့သင်္ဂြိုလ်ရပါတယ်။  အဲ့ဒါကို  နန်းတော်ဦးတိုက် သင်္ဂြိုလ်တယ်လို့ခေါ်ပါတယ်။ ဗြိတသျှအင်္ဂလိပ် ရခိုင်ပြည်ကို သိမ်းခါမှ ရခိုင်တို့၏ အစဉ်လာအတိုင်း မြင်းမိုရ်ဦးတိုက် သင်္ဂြိုလ်ခွင့်ကို ပြန်ရလာကြတယ်။ အစဉ်အလာအတိုင်းပြန်ဖြစ်သွားတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ အောက်သားတွေ ချမှတ်ခဲ့တဲ့အတိုင်း နန်းတော်ဦးတိုက် အရှေ့အရပ်ကို ခေါင်းရင်းထား ဦးတိုက်လို့သင်္ဂြိုလ်ကြတာတွေလဲ့ ရှိကြသေးတယ်။ Credit -ဆြာ Kyaw Maung ...