ရခိုင်တို့ လူသေရင် သင်္ဂြိုလ်ပုံ အစဉ်အလာ။


ရခိုင်တို့ လူသေရင် သင်္ဂြိုလ်ပုံ အစဉ်အလာ။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
ဗဟုသုတ။.....

မြင်းမိုရ် ဦးတိုက်နဲ့ နန်းတော်ဦးတိုက်
ရခိုင်ပြည်မှာ အစဉ်အလာအရ အသုဘမီးသင်္ဂြိုလ်တယ်၊ မြေမြုပ်သင်္ဂြိုလ်တဲ့အခါ။
မြောက်အရပ်ကို ခေါင်းရင်းထား သင်္ဂြိုလ်လည့်ရှိကြတယ်။ မြောက်အရပ်မှာ
မြင်းမိုရ်တောင် ရှိတဲ့အရပ်လို့ ယူဆပြီး အဲ့လို သင်္ဂြိုလ်တာဖြစ်တယ်။ ဒါကို
မြင်းမိုရ် ဦးတိုက်သင်္ဂြိုလ်တယ်လို့ဆိုပါတယ်။

ရခိုင်ပြည် ဗမာ(အောက်သား)မောင်ဝိုင်းလက်အောက်
ကျရောက်ပြီး လေးမြို့ဝန်ခေတ်မှာ ရခိုင်​တို့၏ အစဉ်အလာအတိုင်း မြင်းမိုရ် ဦးတိုက်သင်္ဂြိုလ်ခွင့်မပြုဘဲ၊ အမရပူရနန်းတော်ရှိရာ အရှေ့အရပ်ကို ခေါင်းရင်းထား ဦးတိုက်လို့သင်္ဂြိုလ်ရပါတယ်။
 အဲ့ဒါကို 
နန်းတော်ဦးတိုက် သင်္ဂြိုလ်တယ်လို့ခေါ်ပါတယ်။

ဗြိတသျှအင်္ဂလိပ် ရခိုင်ပြည်ကို သိမ်းခါမှ ရခိုင်တို့၏ အစဉ်လာအတိုင်း မြင်းမိုရ်ဦးတိုက် သင်္ဂြိုလ်ခွင့်ကို ပြန်ရလာကြတယ်။
အစဉ်အလာအတိုင်းပြန်ဖြစ်သွားတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ
အောက်သားတွေ ချမှတ်ခဲ့တဲ့အတိုင်း နန်းတော်ဦးတိုက် အရှေ့အရပ်ကို
ခေါင်းရင်းထား ဦးတိုက်လို့သင်္ဂြိုလ်ကြတာတွေလဲ့ ရှိကြသေးတယ်။

Credit -ဆြာ Kyaw Maung

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)