Posts

Showing posts with the label ဂုဏ်ရှိန်မြင့်ခဲ့သည့် ရခိုင်သမိုင်း

ဂုဏ်ရှိန်မြင့်ခဲ့သည့် ရခိုင်သမိုင်း

Image
ဒါကကျွန်နော်တို့ ရခိုင်တွေဖြတ်သန်းခဲ့တဲ့  သမိုင်းကြောင်းတွေဖြစ်တယ်။ ဂုဏ်ရှိန်မြင့်ခဲ့သည့် ရခိုင်သမိုင်း “ဇာတိပုညဂုဏ်မာန” တို့နှင့် ပြည့်စုံလှသည်ဟု ဘင်္ဂလားပင် လယ်ကမ်းခြေတွင် နာမည်ထင်ရှားလှသည့် ရခိုင်လူမျိုးတို့၏ သမိုင်းသည် ဂုဏ်ယူ၀င့်ကြွားဖွယ်ရာများနှင့် ပြည် စုံကုံလုံလှပေသည်သာမက အာရှနှင့်အရှေ့တောင်အာရှတို့၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ တက်တက်ကြွကြွ ပါ၀င်ပတ်သက်နေခဲ့ပေသေးသည်။ ရှေးရခိုင်ကြီးတို့ နှစ်ပေါင်းရာစုများစွာ ပြုစုပျိုးထောင်ခဲ့သော ရခိုင်ပြည်ကြီးသည် အရှေ့တောင်အာရှဒေသသို့ ဗုဒ္ဓသာသနာတော် စတင်ဖြန့်ချိရာ ဘုမိနက်သန်အရပ်တစ်ခုလည်း ဖြစ်ခဲ့ပေ၏။ အေဒီလေးရာစုမှစ၍ ရခိုင်၌ လျှမ်းလျှမ်းတောက်ထွန်းကားခဲ့သော ဝေသာလီသည် အနောက်လက်တစ်ကမ်းရှိ အိန္ဒိယယဉ်ကျေးမှုကို အရှေ့အရပ်ရှိ ဧရာကမ်းသို့ရောက် ပေါက်အောင် တစ်နည်းတစ်ဖုံပျံ့နှံ့စေခဲ့ပေ၏။ ထို့အပြင် ကုန်သွယ်မှုကြား စခန်းတစ်ခုလည်း ဖြစ်ခဲ့ပေ၏။ ဓည၀တီသားတို့ ကြိုးစားလုံ့လပြုကာ ပြန်ဆိုခဲ့သော အန္ဒိယဂန္ဓ၀င် ၀တ္ထုပုံပြင်များ ကျမ်းဂန်များတို့ကိုလည်း အရှေ့အရပ်သို့ စေတနာဗလပွဖြင့် လက်ဆောင်ပေးခဲ့ပေ၏။ ရခိုင်ဘုရင် ပရိမ်ပြည်ရှင် ပဒေသရာဇာ(၁၁၂၃-၁၁၃၉...