အာနန္ဒစန္ဒြကျောက်စာပါ စာကြောင်းရေ (၇၃)ပါ (ဧကာဒဿမ =၁၁) သည် Year လား Era လား
ဆရာကြီး ဦးအောင်လှသိန်း (စစ်တွေ) အမေး(၂)ကို ဖြေကြားခြင်း အာနန္ဒစန္ဒြကျောက်စာပါ စာကြောင်းရေ (၇၃)ပါ (ဧကာဒဿမ =၁၁) သည် Year လား Era လား ------------------------------------------------- မောင်ဖြူ (ကြွီတဲကျွန်း) အဖြေ ဧကာဒဿမ သည် Year လား Era သက္ကရာဇ်လား ဆိုသည်ကို ဖြေရမည်ဆိုလျှင် စာကြောင်းရေ (၇၂) ပါ အကြောင်းအရာနှင့် ဆက်စပ်ကာ ဖြေရမည်ဟု ယူဆပါသောကြောင့် စာကြောင်းရေ(၇၂) ပါ ဂြီကိက္တိသံပုဏ၀ိဇယ စာသား၏ အဓိပ္ပါယ်မှာ ( ကျက်သရေရှိစွာ ပေါ်လွင် ထင်ရှား၍ ပြည့်စုံစွာ ပြီးမြောက်အောင်သတည်း) ဟုဆိုသောကြောင့် ယနေ့ လူတို့လောက၌ အလှူမှတ်တမ်းများ ရေးရာတွင်လည်း စာပြီးဆုံးကြောင်း လက္ခဏာဖြစ်သော ငါ၏ကောင်းမှုအလှူကို နောင်လာနောက်သားသိစေသော်၊ နိမ္ဗာနပစ္စယောဟောတု၊ နတ်လူသာဓုခေါ်စေသော်၊ ရေးကြသကဲ့သို့ အဝေးရောက်နေသူများ မိသားစုဆီကို စာရေးသားကြရာ၌ စြာ့ပီးဆုံးကြောင်း အမှတ်လက္ခဏာအဖြစ် အောက် တွင် မိမိ၏အမည်၊ ခေတ္တရောက်နေသောအရပ်၊ ရက်စွဲ ၊ ကျန်းမာပါစေ၊ သတိရလျှက်၊ အမှတ်တရ တို့ကို ရေးမှတ်လေ့ရှိသကဲသို့၊ ရုံးစာ ရေးရာ၌လည်း စာပြီးဆုံးလျှင် ထိုစာ၏အောက်ဆုံးတွင် လျောက်ထားသူအမည်၊ လက်မှတ် (၀ါ) လူကြီးအမည် လက်မှတ် ရက်စွဲ ရေးထိုးသကဲ့သို့ ဝေသာလီပြည့်ရှင...