ရခိုင်ကို မရမာ(မြမ္မာ)ခေါ်ဆိုကြောင်း။ (မဟာပညာကျော် လျှောက်ထုံး) သက်သေ။
________________ ရခိုင်ကို မရမာ(မြမ္မာ)ခေါ်ဆိုကြောင်း။ (မဟာပညာကျော် လျှောက်ထုံး) သက်သေ။ ◤◢◣◥◤◢◣◥◤◥◤◢◣◥ မရမာ >> မြမ္မာ>> မြန်မာ။ ✹✹✹✹✹✹✹✹✹✹✹✹✹✹✹✹ တရံသောအခါ၌ မီးချောင်းစားသေလွန်ရာ၊ ပေါင်းလုပ်ကျွန်း နေကုလားမျာလိက သပြာတစ်ထောင် မိဖုရားကြီးသို့ဆက်သက်၍ မီးချောင်းစားအရာကိုခန့်လေသော် မိဖုရားကြီးလည်း ပြည့်ရှင်မင်းကြီးထံ လျှောက်လေသော် မင်းကြီးအမိန့်ရှိသည်ကား၊ နံနက်မင်းပွဲခံရာ၌ လျှောက်စေတော့ အမိန့်တော် ရှိသည်နှင့်။ နံနက်မင်းပွဲခံရာ၌ (မိဖုရားကိုယ်ရပ်တန့်လျက်)ကုလားမျာလိ လျှောက်လေရာ၊ ယင်းသောအခါ အမတ်ကြီးမဟာပညာကျော် လျှောက်သည့်ထုံးသော်ကား။ အရှင်မင်းမြတ်၊ #မရမာနှင့် ကုလား သည်လူချင်းသာတူပါသည်။ စိတ်ချင်းမတူပါ။ #မရမာတို့မိရိုးဖလာအရိုး ° အကျင့်မှ ဘုရား၊တရား၊သင်္ဃါ။ ဤသုံးပါးရတနာ မြတ်ကို ကြည်ညို မြဲမြဲ စောင့်ထိန်းမှ သာသနာတော်တည်သည်။ ယင်းသို့သောတရားနှင့် ကုလားအယူ မတူချေ။ ရုပ်ပွါး ဆင်းတုဓာတ်တော်မွေတော်များကိုလည်းအဉ္စလီလက်အုပ်ချီမိအံ့။ လက်ကိုဖြတ်၍ပစ်စေ၊ ယင်းသို့ကူလားဘုရား အကျမ်းဂန်ရှိသည်ဆိုလျှက် အယူနှင့်နေသူများဖြစ်ပါသည်။ #မရမာတို့ မင်းကျင့်ဝတ်သင်္ဂဟတရားလေးပါး၌လည်း မြတ်ဘုရားအယူ...