ရခိုင်စာပေ ရခိုင်စကားသည် ဗမာဘာသာစကားတို့၏ မိခင် ဘာသာစကား •
ရခိုင်စာပေ ရခိုင်စကားသည် ဗမာဘာသာစကားတို့၏ မိခင် ဘာသာစကား ••••••••••••••• လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က ပုဂံဗမာကျောက်စာများနှင့်ရခိုင်ကျောက်စာများကိုကိုးကား၍ဗမာဘာသာစကား၏မိခင်(သို့)ပင်ရင်းဘာသာစကားသည်ရခိုင်ဘာသာစကားဖြစ်သည်ဟု အတိအကျ ပြောနိုင်သည်။အဘယ်ကြောင့်ဆိုသော် ယနေ့ရခိုင်တို့ပြောဆိုနေသော ဘာသာစကားများသည်ရှေးခေတ်ကျောက်စာပါဝေါဟာရများနှင့်တစ်ထပ်တည်းနီးပါးတူညီနေပြီး ဗမာဘာသာစကားမှာမူ ကျောက်စာပါဝေါဟာရများနှင့် များစွာ ကွာခြားနေသောကြောင့်ဖြစ်သည်။ ရခိုင်ဘာသာစကားသည်အနည်းငယ်ခန့်သောဘာသာစကားတစ်ချို့မှလွဲ၍နဂိုမူရင်းရှေးဟောင်းဘာသာစကားအတိုင်း ပြောဆိုနေသောရှေးဟောင်းမူလစကားဖြစ်ပြီးဗမာဘာသာစကားမှာမူ ရှေးဟောင်း ကျောက်စာပါဘာသာစကားများနှင့် အပြောင်းလဲကြီး ပြောင်းလဲနေပြီဖြစ်၍ ဗမာဘာသာစကား၏မူလဘူတဘာသာစကားသည်ရခိုင်ဘာသာစကားဖြစ်သည် ဟုဆိုလျှင်မည်သူမျှငြင်း၍မရပေ။တစ်နည်အားဖြင့် ဗမာဘာသာစကားသည် ရခိုင်ဘာသာစကားမှ တစ်ဆင့် ဆင့်ကဲပြောင်းလဲသွားသော ခေတ်သစ်ဘာသာစကားတစ်ခုသာ ဖြစ်သည်။ ဗမာဘာသာစကားတွင် ရ သံ ၊ယ သံ ရရစ်သံ၊ယပင့်သံ လုံးဝမကွဲပြားဘဲ ယ သံ နှင့် ယပင့်သံ သာ ရှိသည်။ ရရစ်သံနှင့် ရ သံများမှာ မရှုမလှ ပျောက်ဆုံးနေသည်။ရှိပင်မရှ...