Posts

Showing posts from October, 2018

ဗားမဲ့ ဗားကရား အကြောင်း

Image
ဗားမဲ့ ဗားကရားတို့၏ ငယ်ဘဝ .................................. သူဆင်းရဲမလေး တယောက်။ မြောက်ဦးမြို့ ဓမ္မရာဇ် ရွာသူလေး၊  သိတတ်စအရွယ်ကပင်  သူများဆီမှာ ဆိတ်တွေ အငှားထိမ်းကျောင်းကာ အသက်မွေးလာရတယ်။ ဒါကြောင့်  သူမမှာ  မိဖတွေ ပေးတဲ့ နာမည်က ကွယ်ပျောက်ပြီး၊ ဆိတ်ကျောင်းသည်မ(ဆိတ်ကျောင်းသမ)လို့သာ သူမကို လူတိုင်းက ခေါ်ကြတာပေါ့။ တဖြည်းဖြည်း သူမက အပျိုဖော် ဝင်လာတယ်။ ၁၄/၁၅ မြီးကောင်ပေါက် အရွယ် ဖြစ်လာခဲ့တယ်။  တနေ့  ဆိပ်​​ကျောင်းရင်း မောလွန်းလို့ ဆိတ်ကျောင်းညောင်​ပင်​ရိပ်အောက်​မှာ အိပ်​ပျော်သွားမိခဲ့တယ်။ နေ့တိုင်းလည်း အိပ်နေကျမို့ စိတ်ချ လက်ချ အနားယူရင်း အိပ်ပစ်လိုက်တာလေ။ သည်အချိန်  ညောင်​ပင်စောင့် ရုက္ခစိုးနတ်က ဆင်းသက်လာပြီး သူမကို အိမ်​မက်​ထဲမှာ ချစ်ရေးလာဆိုတယ်။ အစခါတော့  သူမ ငြင်းပါသေးတယ်။ နောက်နေ့တွေမှာလည်း အိပ်ပျော်သွားတိုင်း သူမကို ချစ်ရေး လာဆိုပါတယ်။ တဖြည်းဖြည်းနဲ့ ကြာလာတော့ သူမလည်း သာယာသွားမိတာပေါ့။ အဲဒီလိုနဲ့ သူမမှာ ကိုယ်​ဝန်​ရလာခဲ့တယ်။ အဖရှင်က လက်ဆုပ်လက်ကိုင် ပြစရာ မရှိ၊ ရခိုင့်ပြည်သူ ထုံးဓလေ့တွေနဲ့လည်း မကိုက်ညီ၊ ဒါနဲ့ သူမကို ရွာပြင်သိ...

ရန်သူလက်မှ လွတ်မြောက်သော ဘုရားနှစ်ဆူ

Image
ရန်သူလက်မှ လွတ်မြောက်ခြင်း ဘုရားနှစ်ဆူ ®®®®®®®®®®®®®®®®®®® ဘိလပ်မြေ အင်္ဂတေအုပ်ထားလို့ ဗမာဘုရင်တွေ လုယက်ယူငင်တာာမှာမပါခဲ့တဲ့ ဘုရား( ၂)ဆူ @@@@@@@@@@@@@@@@ ၁၉၇၈-ခုကဆရာကြီးဦးစံသာအောင် မြောက်ဦးကိုသုတေသနခရီးသွါးတဲ့ အခါ လိုက်ပါသွားပါတယ်။ဆရာကြီးက၁၇၈၅-ခုကဗဒုံမင်းမောင်ဝိုင်း ရခိုင်ကဘုရားတွေ ကိုလုယက်သိမ်းယူသွားတဲ့ခါ ဥာဏ်တော်ကြီး ကြီးဘုရား တစ်ဆူလည့် မကျန်ခဲ့ဘူး လားလို့ဆရာကြီးဦးဦးသာထွန်းကိုမေးတဲ့ အခါ။ ဆရာကြီးဦးဦးသာထွန်းကတစ်ဆူကျန်ခဲ့တယ် ဆိုပြီး စန္ဒာမုနိ ဘုန်းကြီးကျောင်းကိုခေါ်သွားပါတယ်။ စန္ဒာမုနိ ကျောင်းတောင်ဖက်အစွန်းမှာ အကာအရံမရှိပဲ အမိုးအကာ သံဖြူကွာနေတဲ့ အဆောင်တစ်ခုမှာ အင်္ဂတေနဲ့ဘုရားတစ်ဆူတွေ့ရပါတယ်။အဲ့ဘုရားဟာအင်္ဂတေမံထားတဲ့ကြေးဘုရားဖြစ်တယ်။ မောင်ဝိုင်း လက်ထဲ ပါမသွားအောင်လုပ်ထားလို့ကျန်ခဲ့တာလို့ရှင်းပြပါတယ်။  ဆရာကြီးဦးစံသာအောင်က အင်္ဂတေမံထားလို့ ဗမာလက်မပါခဲ့တဲ့ နောက်ဘုရားတစ်ဆူ ယိုဒယားမှာ လဲ့ ရှိတယ်လို့ပြောပြပါတယ်။ မြောက်ဦးမြို့ စန္ဒာမုနိ ကျောင်းကဘုရားအင်္ဂတေခွါပြီးတဲ့အချိန်မှ စန္ဒမုနိလို့လူတွေဖူးတွေ့ရပါတယ်။ ယိုးဒယားဘုရားကကုန်းဘောင် ဗမာမင်း၁၇၆၇ခုမှာ အယုဒယကိုတိုက်ခိုက်သိမ်းပိုက်တဲ့ခါ အင်္ဂတေမံထ...

ရက္ခဝဏ္ဏ အက္ခရာ (ခေါ်) ရခိုင်စာပေ (သို့မဟုတ်) မြန်မာစာ

Image
ရက္ခဝဏ္ဏ အက္ခရာ (ခေါ်) ရခိုင်စာပေ (သို့မဟုတ်) မြန်မာစာ ®®®®®®®®®®®®®®® ဒုတိယ ဝေသာလီခေတ် နှောင်းပိုင်းတွင် ရက္ခ၀ဏ္ဏအက္ခရာ ပေါ်ပေါက်လာပါသည်။ ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ AD အထိဖြစ်သည်။ ယင်းနှောင်းခေတ်ပိုင်းတွင် တွေ့ရသော ရက္ခ၀ဏ္ဏအက္ခရာပါ ကျောက်စာများမှာ ယေဓမ္မာဂါထာပါ ကျောက်စာ (ယခုမြောက်ဦးပြတိုက်)။ ဝေသာလီမှ ကြိခ်ျမော်ရုပ်ပလ္လင်စာ(ယခုမြောက်ဦးပြတိုက်)။ အာယနာကောင်း မှုတော် ကြီးဆီမီးခွက်စာ (ယခုရန်ကုန်)။ ကျောက်တော် အုတ်ပုံတော်ဘုရားမှ အုပ်ခွက်ဘုရားစာ (ယခုရန်ကုန် ရှေးဟောင်း သုတေသနဦးစီးဌာန)။ ယေဓမ္မာပါ ကြေးပုရပိုက်နှစ်ချပ် ( ဦးကေသာရ မင်္ဂလာသုခကျောင်း၊ ရန်ကုန်)....စသည်ဖြင့် ရက္ခ၀ဏ္ဏအက္ခရာ ရှိပြီး ၊ စာများဖြစ်ကြောင်းကို ဦးဦးသာထွန်း၏ ရက္ခ၀ဏ္ဏအက္ခရာ ဆင်းသက်ရာ(လက်ရှိမူ)တွင် ဖော်ပြထားသည်။ ထို့နောက် ရက္ခ၀ဏ္ဏအက္ခရာ ဆင်းသက်လာပုံကို ဖော်ပြရာတွင် အက္ခရာဟူသည် (အတ္ထော အက္ခရာ သညာတော)ဟူသည့် ပါဋ္ဌ်အရ သင်္ကေတ အမှတ်အသားအားဖြင့် အနက်အဓိပ္ပါယ်ကို သိသာရန် အမှတ်သညာ တစ်ခုအနေနဲ့ အက္ခရာဝဏ္ဏစာလုံးတို့ကို ပြုပြင်ထားရသည်ဟု ဆိုလိုသည်။  လူမျိုးကိုသော် လည်းကောင်း၊ တိုင်းပြည် ကိုသော် လည်းကောင်း အစွဲပြု၍ စာပီများ ဖြစ်ပေါ်သည့်နည်းတူ ရက္ခိုင...

အလွန်ရှေးကျသော မုနိတစ်ဆူ

Image
အလွန်​​ရှေးကျတဲ့ မုနိတဆူ  ::::::::::::::::::::::::::::::::::::::: AD.၇၆၉.မှာ သိင်္ဂစန္ဒြားနဲ့ သုဝဏ္ဏ​ဒေဝီ​စောပြည့်​ညိုရဲ့သား စူဠစန္ဒြား နတ်​ရွာစံ​တော့ ​ဝေသာလီပြည်​ကြီး တခုလုံး တစစီပျက်​စီးသွားပါတယ်​။ အမြကူတို့ ၃​ယောက်​က နိုင်​ငံ့အာဏာကို သိမ်းယူဖို့ အဆင့်​ဆင့်​ ကြိုးစားလာကြတယ်​။ နန်းတွင်း ပညာရှိ​တွေက ​တော်​ဝင်​မိသားစုနဲ့ သူတို့၃​ယောက်​ကြားမှာ နိုင်​ငံ​တော်​ ပျက်​စီး မသွားရ​အောင်​ ထိမ်းဖို့ ကြိုးစားကြတယ်​။ အမြကူ သား ပဲဖြူကို စူလစန္ဒြားမိဖုရားနဲ့ လက်​ဆက်​ပြီး နန်းတင်​ကြတယ်​။ ငြိမ်းချမ်း​ရေး တခု ပြုလုပ်​လိုက်​တဲ့ သ​ဘော​ပေါ့။ ဒါ​ပေမယ့်​ ကံကြမ္မာက မျက်​နှာသာ မ​ပေး။ နိုင်​ငံကို ၁၇နှစ်​ပဲ ထိမ်းနိုင်​ခဲ့တယ်​။ ပဲဖြူ နတ်​ရွာ စံသွား​တော့ ​ဝေသာလီဟာ အိမ်​​ထောင်​ဦးစီး မရှိတဲ့ မုဆိုးမ အိမ်​လို ဖြစ်​သွားခဲ့တယ်​။ ဒါကို အခွင့်​​ကောင်းယူပြီး * ​မေတ္တယျ ရုပ်​တု၊  ​ရွှေဆင်းတု ​ပြောင်​​ပြောင်​၊ အ​တောင်​ ရှစ်​ဆယ်​၊  ကြီးကျယ်​ နှင့်​နှင့်​၊  လွှားလွှား မြင့်​ကို၊  ဖိုကျင့်​ ထိုး၍၊  ရ​သေ့မြို့ အားလုံး၊ ယူကြသုံးသဖြင့်​၊ သုဉ်းဖူးသည်​ တဝ... (ရာ​ဇောဝါဒကျမ်း) (ဦးဖိုးကျား​...

ရခိုင်သူမြတ်၏ လောကသာရပျို့ ပုရပိုက်​မူ

Image
ရခိုင်သူမြတ်ရဲ့ လောကသာရပျို့ ပုရပိုက်မူ  ................................................ ဒီကျမ်းဟာ လေးမြို့ခေတ်မှာ ရခိုင်သူမြတ်လို့ ကျော်ကြားခဲ့တဲ့ အရှင်အဂ္ဂါဓိပတိက ဘုန်းကြီး ကျောင်းသားလေး စော်ကဲတို့ကို သင်ပေးခဲ့တဲ့ ဆုံးမစာ ပျို့လင်္ကာ ကျမ်းငယ်တကျမ်း ဖြစ်တယ်။ မရည်မှန်းပဲ စော်ကဲဟာ ဗမာပြည်မှာ မင်းဖြစ်သွားတော့ အရှင်သူမြတ်ကို ဗမာပြည်ထိ ပင့်လို့ မင်းဆရာ အဖြစ်နဲ့ ကန်တော် မင်းကျောင်းကို ဆောက်လုပ်လှူဒါန်း ကိုးကွယ်ပူဇော်ခဲ့တယ်။ (ကျမ်းကိုး။။ ဆရာကြီးမင်သုဝဏ်၏ လောကသာရနိဒါန်း၊ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ အခြားဆောင်ပါးများ၊ နှုတ်ဟြေရာဇဝင်များ၊ မှန်နန်း၊ ရခိုင့်ရာဇဝင်သစ်၊ တို့မှညှိရေးလိုက်သည်) �� Ssပုံထဲက ကျမ်းဟာ စော်ကဲတို့ သင်ကြားခဲ့တဲ့ လောကသာရ၊ ရာဇသာရ ပျို့မှ ကူးယူထားတဲ့ မူတခု ဖြစ်တယ်။ ၁၂ကြောင်း ရေးထားတယ်။ ပေရွက်တွေ ပုံစံက ဇာတာ(ရက်ချုပ်)နဲ့ တူနေတယ်။ ဒါကြောင့် ဒီစာမူဟာ ပေရွက်မှာ ရေးထားတာ မဖြစ်နိုင်ဘူး။ အနံသုံးလက္မခွဲနဲ့ အလျားကိုးလက်မ (3½"x9")ရှိတဲ့ ဇာတာလို ကြေးဟြးမှာ ရေးထားတာ ဖြစ်ပါလိမ့်မယ်။ အခံ(မျက်နှာဖုံး)ပေရွက်ပေါ်မှာ ခုခေတ် အက္ခရာတွေနဲ့  ၁။ လောကသာရ အဖျား  ၂။ မြုံပြည်  ...