Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗားမဲ့ ဗားကရား အကြောင်း

ဗားမဲ့ ဗားကရားတို့၏ ငယ်ဘဝ

..................................



သူဆင်းရဲမလေး တယောက်။
မြောက်ဦးမြို့ ဓမ္မရာဇ် ရွာသူလေး၊ 
သိတတ်စအရွယ်ကပင် 
သူများဆီမှာ ဆိတ်တွေ အငှားထိမ်းကျောင်းကာ အသက်မွေးလာရတယ်။

ဒါကြောင့် 
သူမမှာ 
မိဖတွေ ပေးတဲ့ နာမည်က ကွယ်ပျောက်ပြီး၊
ဆိတ်ကျောင်းသည်မ(ဆိတ်ကျောင်းသမ)လို့သာ သူမကို လူတိုင်းက ခေါ်ကြတာပေါ့။

တဖြည်းဖြည်း သူမက အပျိုဖော် ဝင်လာတယ်။
၁၄/၁၅ မြီးကောင်ပေါက် အရွယ် ဖြစ်လာခဲ့တယ်။ 

တနေ့ 
ဆိပ်​​ကျောင်းရင်း မောလွန်းလို့ ဆိတ်ကျောင်းညောင်​ပင်​ရိပ်အောက်​မှာ အိပ်​ပျော်သွားမိခဲ့တယ်။ နေ့တိုင်းလည်း အိပ်နေကျမို့ စိတ်ချ လက်ချ အနားယူရင်း အိပ်ပစ်လိုက်တာလေ။

သည်အချိန် 
ညောင်​ပင်စောင့် ရုက္ခစိုးနတ်က ဆင်းသက်လာပြီး
သူမကို အိမ်​မက်​ထဲမှာ ချစ်ရေးလာဆိုတယ်။
အစခါတော့ 
သူမ ငြင်းပါသေးတယ်။
နောက်နေ့တွေမှာလည်း
အိပ်ပျော်သွားတိုင်း သူမကို ချစ်ရေး လာဆိုပါတယ်။
တဖြည်းဖြည်းနဲ့ ကြာလာတော့ သူမလည်း သာယာသွားမိတာပေါ့။

အဲဒီလိုနဲ့ သူမမှာ ကိုယ်​ဝန်​ရလာခဲ့တယ်။
အဖရှင်က လက်ဆုပ်လက်ကိုင် ပြစရာ မရှိ၊
ရခိုင့်ပြည်သူ ထုံးဓလေ့တွေနဲ့လည်း မကိုက်ညီ၊ ဒါနဲ့ သူမကို ရွာပြင်သို့ မောင်းထုတ်လိုက်ကြတယ်။
ရွာပြင်မှာ သားယောက်ျားလေး တယောက် ဖွားမြင်ခဲ့တယ်။
အဖေ မရှိဘူး။ 
��

အိန္ဒိယ စကားနဲ့ အဖေကို ဘာဘာလို့ ခေါ်တယ်။(ဥပမာ.. စန္ဒြမုနိဘာဘာ ပေါ့)
ရခိုင်ပြည် မြောက်ပိုင်းမှာလည်း
ယင်းအတိုင်း ခေါ်ကြပါတယ်။
တောင်ပိုင်းသားတွေကတော့ ဘားဘာလို့ပဲ ခေါ်ပါတယ်။
��
ဒါကြောင့် 
ဆိတ်ကျောင်းသည်မရဲ့ သားလေးကို လူတွေက ဘားမဲ့ (ဘားဘာ မရှိတဲ့သား)လို့ ခေါ်ကြတာတဲ့။
��
သူမနဲ့ ဆိတ်ကျောင်းဖော်၊ဆိတ်ကျောင်းဖက်၊
သူမရဲ့ ညီမဝမ်းကွဲ တယောက်လည်း သူမလိုပုံစံအတိုင်း ခလေးတယောက် မွေးတယ်။
ဒါပေမယ့်..
အဲဒီကောင်မလေးက သူမလောက် ကံမဆိုးဘူး။ သနားကြင်နာတတ်သူ တယောက်က အဖရှင် ခံသွားတာကြောင့် မွေးလာတဲ့ ခလေးမှာ အဖေရှိသွားပါတယ်။

အဒါကြောင့် ထိုကလေးကို လူတွေက ဘားကရားလို့ ခေါ်ပါသတဲ့။
ဘား=အဖေ
ကရား= (ပါဠိပျက် စကား၊ မူလပါဠိက ကရ) ပြုသူ
ဘားကရား= ပြုထားတဲ့အဖေ ရှိသူ'ပေါ့။
��
ကျောင်းနေချိန် ရောက်လာတော့ 
ဘုန်းကြီးကျောင်းမှာ သွားထားကြတယ်။ သူတို့ကို ဖခင်ရုက္ခစိုးနတ်က လူကွယ်ရာမှာ ပညာသင်​ပေးတယ်။ 
ဆရာ​တော်​က မနက်အစောကြီး ​တောင်​ဖြူအင်းကို ၇-ပတ်​ပြည့်အောင် ပြေးခိုင်းတယ်။ ၇ ပတ်​​ပြည့်ချိန်မှာ ခွေးချေးပုံ တပုံ တွေ့တယ်။ ​ထိုခွေးမစင်ကို သူတို့ နှစ်ယောက်အား စားသောက်ခိုင်းတယ်။ 
ဗားမဲ့က ဆရာ့စကားကို ယုံကြည်စွာဖြင့် မရွံမရှာ စားသောက်တယ်။ ဗားကရားကတော့ ရွံလို့ မစား။ ဆရာတော်ကို ကြောက်လို့ နည်းနည်းပဲ စားပါတယ်။ 

ဒီတော့ များများစားတဲ့ ဗားမဲ့က ဗားကရားထက် ပညာသာတာပေါ့။
ပညာသာသူကို ပညာနိမ့်သူက မနာလို၊
အမြဲ ငြူးစူးလေ့ ရှိတယ်။
အဲလိုနဲ့ နောက်ပိုင်းမှာ ညီအစ်ကိုနှစ်ယောက်ဟာ တရုပ်နဲ့ ဝက်လို ဖြစ်သွားကြတာလေ။



(ဗားမဲ့ ဗားကရားတို့၏ နိဂုံးဘဝက )������

ဗားမဲ ဗားကရားဂူနဲ့ ဖြစ်ရပ်မှန် ပါးစပ် ရာဇဝင် 
...................................................

တခါက မြောက်ဦး နန်းတွင်းမှာ ပြိုင်လောင်း(လှေပြိုင်)ပွဲတခု ကျင်းပကြတယ်။
ဒီပြိုင်လောင်းပွဲရဲ့ (ဆုဖလား) ရွှေမောင်းဖြင့် နန်းတွင်းမှာ မိဖုရားတွေဟာ အာဏာနဲ့ ထင်ပေါ်မှုကို ရယူနိုင်တယ်။ 
မိဖုရားကြီးက သူမရဲ့ အာဏာကြီးစိုးချင်တာကြောင့် ရွှေမောင်းကို ရရှိအောင် ဗားမဲ့ ဆရာတော်ဆီမှာ အကူအညီ သွားတောင်းတယ်။
ဆရာတော်က အင်းတကွက်ချပြီး ချီးမြှင့် ပေးလိုက်ပါတယ်။ ထိုအင်းကို သူမရဲ့ ပြိုင်လောင်းဦးမှာ ခိုး ကပ်လိုက်တာနဲ့ မိဖုရားကြီးရဲ့ ပြိုင်လောင်းက အားလုံးကို ကျော်တက်ပြီး ပထမနေ့မှာ အနိုင်ရရှိသွားပါတယ်။ 
ဒါကို တခြားမိဖုရားငယ်တဦးက ရိပ်မိသွားတယ်။
သူမက နန်းတွင်းတခုလုံး မိဖုရားကြီးရဲ့ လက်အောက်သို့ ကျရောက်သွားမှာကို မလိုလား၊



ဒါကြောင့် 
ဘုရင်ကြီးဆီ သွားပြီး ခြေထိုးလိုက်တယ်။ 

နောက်တနေ့မှာ
ဘုရင်ကြီးက ဗားကရားဆရာတော်ကို သွားယှဉ်းကပ်တယ်။ ဗားကရားဆရာတော်ကလည်း ဗားမဲ့ ဆရာတော် အတိုင်းပဲ၊ ဘုရင်ကြီးကို အင်းတကွက် ချီးမြှင့်ပေးလိုက်ပါတယ်။ 

ထိုအင်းနဲ့ နန်းတွင်းပြိုင်လောင်းပွဲမှာ ရွှေမောင်းကို ဘုရင်ကြီးက အပိုင်သိမ်းပိုက်ပါတယ်။ 

ထိုနေ့ကစပြီး နန်းတွင်းအာဏာလွန်ဆွဲမှုက ဖွဲ့မီးလို တောက်လောင်လာပါတယ်။ 
မိဖုရားကြီးက ဘုရင့်ကို ကြောက်ပြီး လျှို့ဝှက် စစ်တပ်တခု ထူထောင်ဖို့ ဗားမဲ့ဆရာတော်နဲ့ သွားတိုင်ပင်တယ်။ 
ဗားကရားဆရာတော်ကလည်း မိဖုရားကြီးရဲ့ ရန်ကို ကြောက်တာကြောင့် လျှို့ဝှက် စစ်တပ်တခု စီစဉ်ထားပါတယ်။ 
ဗားမဲ့ ဗားကရား ဆရာတော် ၂ပါးလုံးက ပေစောင်တွေမှာ စစ်သားရုပ်တွေ ရေးဆွဲကာ အင်းနဲ့ စီမံပြီး သပိတ်ထဲမှာ ထည့်လို့ သိမ်းဆည်းထားကြပါတယ်။ 



တနေ့ 
ဗားမဲ့ဆရာတော် ဆွမ်းခံကြွနေချိန်၊ တပည့်ကျော်က မောင်းကလေးတလုံးကို တွေ့တာနဲ့ အနားမှာ ချထားတဲ့ သစ်သားချောင်းလေးနဲ့ ထုပြီး ကစားလိုက်ပါတယ်။ 
သပိတ်ထဲက စစ်သားတွေ အကုန် ခုန်ထွက်လာပြီး နန်းတော်ကို သိမ်းဖို့ ချီးတက်သွားကြတယ်။ 
ဗားကရားဆရာတော် တပည့်ကလည်း သူ့ဆရာ မှာကြားထားတဲ့ အတိုင်း အင်းချထားတဲ့မောင်းကို ယူပြီး အသင့်ဆောင်ထားတဲ့ သစ်သားချောင်းဖြင့် ထုရိုက်လိုက်ပါတယ်။



သပိတ်ထဲက စစ်သားတွေ ခုန်ထွက်လာပြီး ဗားမဲ့ စစ်တပ်နဲ့ တိုက်ကြပါတယ်။ 

ထိုအချိန် 
နန်းတော်စောင့် တပ်က သတင်းရရှိသွားပြီး ဗားကရား တပ်နဲ့ ပေါင်းလို့ လာတိုက်တယ်။ ဗားမဲ့ တပ်ကျသွားတော့ ဗားကရား တပ်ကိုပါ နန်းတော်စောင့် တပ်က ဖမ်းဆီးလိုက်ပါတယ်။

ဗားမဲ့ ဗားကရား ဆရာတော် ၂ပါးကိုလည်း ဖမ်းချုပ်ပြီး မြေခေါင်း လိုဏ်ဂူအတွင်း တခုမှာ ပိတ်လှောင် ထားလိုက်ပါတယ်။ 
အစာရေစာ ဖြတ်ပြီး ၄၉ရက်တိတိ ပိတ်လှောင်ထားတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ဗားမဲ့ ဗားကရား ဆရာတော် ၂ပါး ပေါင်းပြီး ဆန်စေ့(၇)စေ့ကို မန်းမှုတ်လို့ အပေါ်ကို ပစ်တင်လိုက်ကြတယ်။ ဆန်စေ့ (၇)စေ့က ပိုးဇော်ဂျီ (၇)ကောင်အဖြစ် ဟြေင်းလဲကာ လိုဏ်ဂူကို ဖောက်းထွင်း ပေးပါတယ်။ (၃မတ်လုံး သာသာခန့် ရှိတဲ့ လေဝင်ပေါက်ကလေး ပေါ့။)



ဆရာတော် ၂ပါးဟာ ထိုအပေါက်က ထွက်ပြီး အရှေ့ပြည်ကို ကြွသွားကြပါတယ်။ 

ဒါက ကျနော် ကြားဖူးတဲ့ ပါးစပ်ရာဇဝင်ပဲ ဖြစ်ပါတယ်။
ပုံမှာ မြင်နေရတာကတော့ ထိုဆရာတော် ၂ပါးကို ပိတ်လှောင်ခဲ့တဲ့ လိုဏ်ဂူပဲ ဖြစ်ပါတယ်။

မှတ်ချက်။
ပိုးဇော်ဂျီ=နကျယ်ကောင်

Credit > ကောင်း စံ ဝေ 

°°°°°°°
ဘားမဲ့ဆရာတော် စီရင်အပ်သော မဟာသိဒ္ဓိကျမ်းရင်းကြီး
* * * * * * * * * * * * * * *
ရခိုင်ဘုရင်များခေတ်က ဘားမဲ့ ဘားကြားဟူ၍ ဆရာတော် ၂ ပါးမှာ ထင်ရှားသည့် ဆရာတော် ၂ ပါးဖြစ်ခဲ့သည်။ ဘုရင်က ဂူပိတ်၍ သတ်ခဲ့သော်လည်း မသတ်နိုင်ခဲ့ပေ။ အခု ထိုဂူကို မြောက်ဦးတွင် ဘားမဲ့ဂူအဖြစ် ထင်ရှားတွေ့မြင်နေဆဲဖြစ်သည်။
ငယ်စဉ်က ပုံပြင်ဆန်ဆန်ကြားဖူးခဲ့သော ဆရာတော်၏အထုပ္ပတ္တိကိုကား ရှာဖွေတွေ့ရှိရန် ခဲယဉ်းခဲ့သည်။
ရခိုင်ရှိ ဂဏန်းစာများထဲက ရေဂဏန်းစာကား ဆရာတော်တို့ အတတ်ပညာသင်ချိန် ရေတွင် ဘီလူးမှ ခြေထောက်ဖြင့် ရေးပြခဲ့သောကြောင့် ထိုအချိန်က စတင်ဖြစ်ပေါ်လာခဲ့လေသလား။

ဘားမဲ့ဆရာတော်ပြုစုခဲ့သော ၁၀ ကြောင်းရေး ၂၆ အင်္ဂါခန့်ရှိပေစာကို ပြန်လည်ပုံနှိပ်ခဲ့သည့် ကျမ်းတစ်စောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် ဤစာအုပ်ပါ ဆရာတော်၏ အထုပ္ပတ္တိကား မည်မျှမှန်ကန်သနည်း။
ဟံသာဝတီ ပုပ္ပါးတို့နှင့်ကား မည်သို့ဆက်နွယ် ခဲ့သနည်း။ ညောင်ရမ်းမြို့နှင့်ကား မည်သို့ချိတ်ဆက်နေသည်ကို ပြန်လည် သုံးသပ်ဖို့ လိုအပ်နေပြီ။ ယခုစာအုပ်ပါအချက်အလက်များနှင့် တိုက်ဆိုင်၍ လေ့လာနေသူများအတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူ ပြုလိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။

အမှားရှိက ထောက်ပြပေးပါရန် - - -

Credit >ဦး သန်း မြင့်

°°°°°°°°°°°°°°°°°
Zaw Win (ဓညဝတီတိုင်း)����














Comments