ရက္ခပူရ သာသနာရေးရာ အဖြာဖြာ

ရက္ခပူရ သာသနာရေးရာ အဖြာဖြာ ================== ရခိုင်ပြည်တွင် ရှေးရခိုင်ဘုရင်များလက်ထက်က ဗဟုစာရဂိုဏ်း (ဂါမဝသီ) နှင့် အရညဝါသီသံဃာ ဧကစာရဂိုဏ်း (အရညဝါသီ) ဟူ၍ နှစ်မျိုးသာ သတ်မှတ်ကြောင်း သိရ၏။ ထိုသံဃာတော်များ ကိုလည်း မဟာသုဓမ္မာနိကာယာ (ကံဂိုဏ်း) ဝင် သံဃာတော်များဟုသာ ခေါ်ဝေါ်ကြသည်ဟု ဆို၏။သို့ရာတွင် သံဃာဂိုဏ်းမှာမူ တစ်ခုတည်းသာ ဖြစ်သည်ဟု သက်တော်ရှည် မဟာထေရ်များ၏ မိန့်ကြားချက်အရ သိရပါသည်။ ထိုသို့ သမိုင်းအစဉ်အလာကြီးမားသော ရက္ခပူရ မဟာသုဓမ္မာဂိုဏ်းသည် ၁၁၄၆ ခုနှစ် အထိ အစဉ်အဆက် တည်ရှိခဲ့ပါသည်။ ကောဇာ ၁၁၄၆ ( အေဒီ ၁၇၈၄) ခုနှစ်တွင် ရခိုင်ပြည်ကို ဗမာဘုရင် ဗဒုံမင်းက တိုက်ခိုက်သိမ်းပိုက်လေ သည်။ ထို့နောက်တွင် ဗဒုံမင်း၏ စီမံချက်အရ ဗမာတိုင်းရင်းသား ရဟန်းတော်များသည် ရခိုင်ပြည်သို့ကြွရောက်၍ သာသနာရေးရာ ကိစ္စများကို စီမံဆောင်ရွက်ခဲ့ကြသည်ဟု သိရပါသည်။ မြို့ဝန်ခေတ် ရက္ခပူရ သာသနာရေးရာ ================= ရခိုင်ပြည်ကို ဗဒုံမင်း သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း (၄၀) အတွင်း မြို့ဝန် (၉) ဆက် အုပ်ချုပ်ခဲ့သည်ဟု သိရသည်။ ထိုခေတ်ကို မြို့ဝန်ခေတ်ဟု ခေါ်ကြပြီး မြို့ဝန်ခေတ်တွင် ရခိုင်ပြည်သာသနာသည် ကမောက်ကမ ...