ဗမာတို့ မြင်ဖို
12/1/2019 *ဗမာတို့ မြင်ဖို ့* ဗမာလူမျိုးကြီးဝါဒ ရှိနေတာ၊ အဲဒီ့လိုရှိနေတယ်ဆိုတာကို ဗမာအများစုက မမြင်တာဟာ ပြည်တွင်းစစ်သက်ဆိုးရှည်ရခြင်း၊ မငြိမ်းချမ်းရခြင်း အကြောင်းရင်းတစ်ခုပဲ။ ဒီအဆိုကို ကန့်ကွက်မယ့်၊ ငြင်းမယ့်သူတွေ အများကြီးပေါ်လာမယ်ဆိုတာ ကျမသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူများစုကြီးဖြစ်တဲ့ဗမာတွေဟာ ကိုယ့်ကိုယ်ကို ဗမာလူမျိုးကြီးဝါဒီလို့ မမြင်ကြလို့ပါ။ ဗမာလူမျိုးကြီးဝါဒ ရှိတယ်လို့ ပြောတဲ့သူဟာ ဖြိုခွဲရေးသမားပဲလို့ ဗမာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုတာကိုတွေ့ရတာကြောင့် ဒီစာကို ကျမရေးဖြစ်တာပါ။ (ကျမက ကိုယ့်ကိုယ်ကို လူကို လူလို့မြင်တဲ့ လူတစ်ယောက်လို့ပဲ မှတ်ယူပါတယ်။ ဒါပေမဲ့ ရွေးချယ်ခွင့်မရှိတဲ့ မွေးဖွားခြင်းအကျိုးပေးအရ ဗမာသွေးရာခိုင်နှုန်းများများရောနှောနေတဲ့လူတစ်ယောက်၊ National identityနဲ့ လူမျိုးစု တထပ်တည်းကျနေတဲ့ မှတ်ပုံတင်ကဒ်ပါ ဗမာ/ဗုဒ္ဓ တစ်ယောက် ဖြစ်နေတာကြောင့်၊ ဒီနေရာမှာ ဗမာမှုပြုခြင်းနဲ့ ဗမာလူမျိုးကြီးဝါဒအကြောင်း ဗမာအချင်းချင်း ဗမာတွေကို ပြောခွင့်ရှိတယ်လို့ မြင်ပါတယ်။ ဒါဟာ ပ...