Posts

Showing posts with the label ရက္ခဝဏ္ဏ အက္ခရာ (ခေါ်) ရခိုင်စာပေ

ရက္ခဝဏ္ဏ အက္ခရာ (ခေါ်) ရခိုင်စာပေ (သို့မဟုတ်) မြန်မာစာ

Image
ရက္ခဝဏ္ဏ အက္ခရာ (ခေါ်) ရခိုင်စာပေ (သို့မဟုတ်) မြန်မာစာ ®®®®®®®®®®®®®®® ဒုတိယ ဝေသာလီခေတ် နှောင်းပိုင်းတွင် ရက္ခ၀ဏ္ဏအက္ခရာ ပေါ်ပေါက်လာပါသည်။ ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ AD အထိဖြစ်သည်။ ယင်းနှောင်းခေတ်ပိုင်းတွင် တွေ့ရသော ရက္ခ၀ဏ္ဏအက္ခရာပါ ကျောက်စာများမှာ ယေဓမ္မာဂါထာပါ ကျောက်စာ (ယခုမြောက်ဦးပြတိုက်)။ ဝေသာလီမှ ကြိခ်ျမော်ရုပ်ပလ္လင်စာ(ယခုမြောက်ဦးပြတိုက်)။ အာယနာကောင်း မှုတော် ကြီးဆီမီးခွက်စာ (ယခုရန်ကုန်)။ ကျောက်တော် အုတ်ပုံတော်ဘုရားမှ အုပ်ခွက်ဘုရားစာ (ယခုရန်ကုန် ရှေးဟောင်း သုတေသနဦးစီးဌာန)။ ယေဓမ္မာပါ ကြေးပုရပိုက်နှစ်ချပ် ( ဦးကေသာရ မင်္ဂလာသုခကျောင်း၊ ရန်ကုန်)....စသည်ဖြင့် ရက္ခ၀ဏ္ဏအက္ခရာ ရှိပြီး ၊ စာများဖြစ်ကြောင်းကို ဦးဦးသာထွန်း၏ ရက္ခ၀ဏ္ဏအက္ခရာ ဆင်းသက်ရာ(လက်ရှိမူ)တွင် ဖော်ပြထားသည်။ ထို့နောက် ရက္ခ၀ဏ္ဏအက္ခရာ ဆင်းသက်လာပုံကို ဖော်ပြရာတွင် အက္ခရာဟူသည် (အတ္ထော အက္ခရာ သညာတော)ဟူသည့် ပါဋ္ဌ်အရ သင်္ကေတ အမှတ်အသားအားဖြင့် အနက်အဓိပ္ပါယ်ကို သိသာရန် အမှတ်သညာ တစ်ခုအနေနဲ့ အက္ခရာဝဏ္ဏစာလုံးတို့ကို ပြုပြင်ထားရသည်ဟု ဆိုလိုသည်။  လူမျိုးကိုသော် လည်းကောင်း၊ တိုင်းပြည် ကိုသော် လည်းကောင်း အစွဲပြု၍ စာပီများ ဖြစ်ပေါ်သည့်နည်းတူ ရက္ခိုင...