မြောက်ဦး Mrauk U
ဗမာတစ်ယောက် ရေးထားတဲ့ စာသားတွေ ကြိုက်လို့.. Copy ယူတင်ခြင်းပါ။ ******************* မြောက်ဦး တဲ့ 🖤 အလယ်ချောင်းက မြွေနဂါးတွေလို တစ်မြို့လုံးကို ရစ်ခွေစီးနေတယ် အဦးဆုံး ပြီးမြောက်အောင်မြင်ခဲ့လို့ မြောက်ဦး လို့ တွင်ပါသတဲ့ မြင်ယောင်ကြည့်ပါဦး လက်ဦးအစ တည်သူမင်းစောမွန်က သူ့အသက်ထက် မြို့သက်ကို ပိုရှည်အောင် တည်ခဲ့သတဲ့ ဒါ့ကြောင့် မြောက်ဦးမြို့သက်က ၃၅၄ နှစ်ထိ မင်းပေါင်း ၄၉ ပါး ရှိခဲ့ပေမယ့် သူ့နန်းသက်က ၃ နှစ်ပဲ ရှည်ခဲ့တယ် ဒီလိုဘုရင်တွေကြောင့်မို့ သီလနဲ့ အုပ်ချုပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံ တွင်တာပေါ့ ဘားဘူရှိယင့် ဆန့်ရှိယင့် တဲ့ ပြည်သူတွေ လိုသလောက် ဆန်ကို ထုတ်ယူဖို့ စပါးကျီတွေကို အမြဲတန်း တံခါးဖွင့်ထားတဲ့ မြို့ အတိုးမဲ့ ငွေတွေကို ဘုရင်ကိုယ်တိုင် ထုတ်ချေးပေးတဲ့မြို့ ဘုရင်ကိုယ်တိုင် ပြည်သူ့လယ်ထဲဆင်းပြီး အထွက်ကောင်း မကောင်း စစ်ပေးခဲ့တဲ့ မြို့ ဂျပန်ဆာမူရိုင်းတွေ ပေါ်တူဂီတွေအပါအဝင် ကိုယ်ရံတော် ၄၂၀၀၀ ထိ ခန့်နိုင်အောင် ဘုန်းတန်းခိုးကြီးခဲ့တဲ့ မင်းတို့ရဲ့ မြို့ ဘင်္ဂလား ၁၂ မြို့ကို အင်ပါရာ ချဲ့နိုင်ခဲ့တဲ့ထိ စစ်အင်အားကြီးခဲ့တဲ့ မြို့ ဒင်္ဂါးပြားမှာ ရခိုင် နဲ့ အာရဗီဘာသာအထိ သွန်းလုပ်နိုင်လောက်အောင် အရှ...