Posts

Showing posts with the label မြို့မောင်တော မှ မဟာကျန်ဘုရား

မြို့မောင်တော မှ မဟာကျန်ဘုရား

Image
“မြို့မောင်တော မှ မဟာကျန်ဘုရား” သဇင်ပန်းခိုင်ဂျာနယ် Jan 2020 မောင်မေယု(ဘူးသီးတောင်) ရေးသားပူဇော်သည်       မောင်တောမြို့သည် မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရှိပြီး မြန်မာနိုင်ငံ၏ အနောက်ဘက်ဆုံးမြို့ ဖြစ်သည်။ ဤမြို့သည် အရေးအခင်းများနှင့် မငြိမ်းချမ်းသော မြို့လည်း ဖြစ်သည်။ ဒေသ၏ အခြေအနေအရ ရိုးရာပွဲလမ်း သဘင်များ မရှိသလောက် နည်းပါးသော မြို့လည်း ဖြစ်၏။ သို့သော် ရခိုင်ရိုးရာအစဉ်လာမပျက် နှစ်စဉ် ဆင်နွှဲသော ပွဲတော်ကြီးနှစ်ပွဲ ရှိလေသည်။ ထိုပွဲများမှာ တပို့တွဲလပြည့်နေ့တွင် ကျင်းပသော ရခိုင်ရိုးရာ ရထားဆွဲပွဲ နှင့် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသော မဟာကျန်ဘုရားပွဲ ပင်ဖြစ်သည်။ ယခုနှစ်တွင် ဒေသလုံးဝ မတည်ငြိမ်သောကြောင့် ရိုးရာရထားဆွဲပွဲအား မကျင်းပနိုင်ခဲ့သော်လည်း မဟာကျန်ဘုရားပွဲ အား ကျင်းပကြ သည်ကို တွေ့ရပါသည်။   မောင်တောမြို့ရှိ မဟာကျန်ဘုရားသည် မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် တတိယ ဓညဝတီခေတ် ဘုရင်စန္ဒာသူရိယ သွန်းလုပ်ပူဇော်ခဲ့သော ဘုရားတစ်ဆူ ဖြစ်သည်။ ရခိုင်ပြည်၌ တန်ခိုးတော် ကြီးမားသော ဘုရားလေးမျိုးအနက် တစ်မျိုးလည်း ဖြစ်၏။ တန်ခိုးကြီးမားသော ဘုရားလေးမျိုးမှာ မဟာမုနိ ၊ မဟာကျန် ၊ မဟာကျီ နှင...