သီတဂူ ဆရာတော် ဦးညာဏိဿရ၏ မေးခွန်းကြီး (၆) ခွန်း။

၁၉၈၄ ခုနှစ်ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဗမာပြည် သဲကုန်း သပိတ်အိုင် တောရဆရာတော် အရှင် အရှင်ညာဏိဿရ အမှူးပြုသော ဆရာတော်ကြီး (၄)ပါးသည် မြောက်ဦးသို့ ဘုရားဖူးရောက်ရှိကြပါသည်။ ထိုစဉ် ရခိုင်ပြည် သာသနာရေးကိစ္စနှင့် ရခိုင်-မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းအား မေးခွန်းကြီး (၆) ခွန်း မေးခဲ့ပါသည်။ ယင်းသို့ ဆရာတော် ဦးညာဏိဿရ( ယခုသာသနာ့ ဥသျှောင် ပီနန်ဆရာတော် (၀ါ) သီတဂူဆရာတော်ကြီး) အမေးနှင့် ဆရာကြီး၏ အပြည့်အစုံ ဖြေကြားချက်များကို ပြန်လည်၍ ဆရာကြီးက အသံသွင်းပေးခဲ့သည်။ ဆရာကြီးသည် ရခိုင်စကားဖြင့် အသံသွင်းခဲ့သည်ကို မြန်မာပြည်ရှိတိုင်းရင်းသားများအားလုံးဖတ်ရှုနိုင်ရန်အတွက် မြန်မာစကားပြေဖြင့် ပြန်လည်၍ ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။ ဆရာတော် ဦးညာဏိဿရ၏ မေးခွန်းကြီး (၆) ခွန်း မေးခွန်း (၁) ရခိုင်ပြည် သာသနာသည် ထေရ၀ါဒ ဗုဒ္ဓသာသနာမှ ဆင်းသက်လာသော သာသနာမဟုတ်၊ မဟာယာန ဂိုဏ်းမှ ဆင်းသက်လာသော သာသနာဖြစ်သည်။ ဤအကြောင်းကို ဖြေရှင်းပေးပါ။ မေးခွန်း (၂) ဗုဒ္ဓ၏ ပါဠိတော် အဋ္ဌကထာနှင့် သင်္ဂါယနာ ခြောက်တန်စသည်တို့တွင် မပါရှိပဲ ရခိုင်ပြည်သို့ မြတ်စွာဘုရား ကြွရောက်လာခဲ့သည်ဟု ရခိုင်ပြည်တွင် ရေးသားပြောဆိုနေကြသည်မှာ ဘုရားဟောတရ...