တိမ်ပြာထက်က ဘဲငါးရာတောင် °°°°°°°°°°(From Arakan Kingdom)
တိမ်ပြာထက်က ဘဲငါးရာတောင် °°°°°°°°°°(From Arakan Kingdom) ထူးခြား အံ့ဖွယ် .. ဘဲငါးရာတောင် ----------------------- ဘဲငါးရာတောင်ကို စာပေ ကျမ်းဂန်များထဲတွင် ဒေ၀ဂန္ဓာရီတောင်ဟု ခေါ်ဆိုပါသည်။ ဟင်္သာငါးရာတို့ ကျက်စားခဲ့ရ ဒေသဖြစ်သောကြောင်း ဘဲငါးရာတောင်ဟု ခေါ်သည်။ ဒေ၀ဂန္ဓာရီတောင်၏ အဓိပ္ပါယ်မှာ နတ်တို့ ဂန္ဓာရီပညာကျက်စားရာ အရပ်ဟု ဆိုသည်။ နတ်ပန်းမာလာများ ဖူးပွင့်ဝေကာ၊ ဆေးဝါးကောင်းများ ပေါက်ရောက်ရာ အရပ်ဖြစ်ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် ထင်ထင်ရှားရှား ထီးထီးမားမား ရပ်တည်နေသောကြောင့် ပိုမိုထင်ရှားပါသည်။ ရခိုင်တို့၏ ထင်ရှားခဲ့သော မြောက်ဦးခေတ်တွင် စာဟောင်းပေဟောင်းများတွင် ဆေးဥယျာဉ် တစ်ခုပျိုးထောင်ခဲ့ကြောင်းကို လေ့လာဖူးသည်။ ဤတောင်ကို ဂျပန်နိုင်ငံမှ ဖူဂျီယားမားတောင်ဖြင့် ခိုင်းနှိုင်းကြသည်။ ပုံစံအားဖြင့် အလွန်တူပါသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ၁၃၆၁ ပေမြင့်မားပါသည်။ ဂစ္ဆနဒီမြစ်၏ အနောက်ဖက်တွင်ရှိပြီး အဝေးက လှမ်းကြည့်လျှင်ပင် လွမ်းမောစရာဖြစ်ပါသည်။ ဤတောင်သည် တောင်လျား မြောက်လျားသွယ်တန်းထားသည်။ မိုးတိမ်မိုးသားတို့သည် တောင်၏ အလယ်တွင် သိုင်းခြုံထားသောကြောင့် ရခိုင်ပြည်နယ်၏ အလယ်ပိုင်းလွင်ပြင် အလှကို ဖန်းတီပ...