ရခိုင်ဘုရင်တည်ခဲ့သော ရခိုင်ပိုင်နက် ဥဿလင်းစေတီတော်

ပလက်ဝမြို့နယ်အတွင်းက ရှေးဟောင်းသမိုင်းဝင် ဥဿလင်းစေတီ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ သတင်းဆောင်းပါးနှင့် ဓာတ်ပုံ- မောင်မောင်ကျော့(ပလက်ဝ) ဥဿလင်းစေတီတော်သည် ချင်းပြည်နယ်(တောင် ပိုင်း) ပလက်ဝမြို့အထက် ၄၃ မိုင်အကွာတွင် ရှိသည်။ ဥဿလင်းချောင်းစီးဆင်းရာ ဥဿလင်းကျေးရွာ၏ အရှေ့ဘက်၊ ဂစ္ဆပနဒီမြစ်ကမ်း စေတီကိုင်းကျေးရွာ နောက်ခံတောင်တန်းရှိ တောင်ကုန်းပေါ်တွင် ဖူးတွေ့ရ သော ဥဿလင်းစေတီတော်မြတ်ကြီးမှာ ကြည်ညို သပ္ပာယ်လွန်းလှသည်။ ဥဿလင်းစေတီတော်ကို လွန် ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်က စာရေးသူ နောက်ဆုံး ဖူးမြော်ခဲ့ရသည်။ အခုတစ်ဖန်facebook စာမျက်နှာ ပေါ်တွင် ရှေးဟောင်းသမိုင်းဝင် ဥဿလင်းစေတီတော် ၌ ဓာတ်တော်ရောင်ခြည်ကွန့်မြူးကြောင်း ရေးသားနေ ကြသည်ကို တွေ့ရသည့်အခါ သဒ္ဓါကြည်ညိုစိတ်ဖြင့် ဖူးမြော်ချင်စိတ်ဖြစ်ပေါ်မိသလို သဒ္ဓါကြည်လင် ပါရမီ ရှင်များအနေဖြင့်လည်း သိရှိဖူးမြော်နိုင်ကြစေရန် ရည် သန်၍ ဥဿလင်းစေတီတော်မြတ်ကြီးအကြောင်းကို ဤဆောင်းပါးဖြင့် ဦးညွတ်ရေးသား ပူဇော်အပ်ပါသည်။ ရှေးအခါက ရခိုင်ပြည်နယ်မြေတစ်ခုလုံးကို တိုင်းဒေသ ကြီး တစ်ဆယ့်နှစ်တိုင်း ခွဲခြားအုပ်ချုပ်ခဲ့ရာတွင် ဥဿ လင...