တရိဂံကျောက်စာနှင့် မြစေတီကျောက်စာပါ အက္ခရာများကို နှိုင်းယှဉ်တင်ပြခြင်း

တရိဂံကျောက်စာနှင့် မြစေတီကျောက်စာပါ အက္ခရာများကို နှိုင်းယှဉ်တင်ပြခြင်း ********************************* ================================= ယနေ့ Facebook လောကတွင် မြန်မာစာဟုခေါ်တွင်နေသော အက္ခရာကို ငါတို့လူမျိုးအရင်ရေးသည်၊ဒါကြောင့် ဤစာပေသည် ငါတို့စာပေဖြစ်သည်။ မင်းတို့စာပေမဟုတ်။မင်းတို့က ငါတို့ဆီ ကယူသွားတာ အခြေအတင် အမိအဖ မောင်နှမအတူ မဖတ်နိုင်သော အဆဲကွန်မန့်များဖြင့် လက်စွမ်းပြ ပညာပြလျှက် ရေးသား နေကြ သည်ကိုတွေ့မြင်နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်မိ၏ ။ ထိုသို့ ကြမ်းတမ်းရိုင်းစိုင်းသော ကွန်မန့်များ ရေးသားခြင်း၏ အကျိုးရလဒ်သည် တိုင်းရင်းသားလူမျိုး တစ်ခု နှင့်တစ်ခုကြား တစ်ဦးကိုတစ်ဦး မမြင်ဖူး၊ မသိကျွမ်းကြဘဲ အမုန်းတရားသာကို ဖြစ်ပေါ်စေပါသည်။ စာပေဟူသည် လူ့လောကကို ကောင်းကျိုး သာဖြစ်စေသည်ဟု ဖတ်မှတ်ဖူးပါသည်။ စာပေအကြောင်းကို ဆွေးနွေးသော်လည်း ကောင်းသောရလဒ်သာ ထွက်သင့်သည်ဟု ထင်မြင်မိသည်။ ယခုအွန်လိုင်းတွင် စာပေကြောင်း ဆွေး နွေးနေကြသည်မှာ လောက ကကောင်းကျိုးမပေးသည့်အပြင် တစ်ဦးနှင့်တစ်ဦး အမုန်းပွါး များကြခြင်း ကိုသာ မြင်တွေ့ရသည်မှာ လွန်စွာ ရုပ် ဆိုး အကျဉ်းတန်လှပါသည်။ ဆွေးနွေးကြသော တတ်သိပညာရှင်များ ဆင်...