အာရိယန်လူမျိုး Aryan

အာရိယန်လူမျိုး အာရိယန်တို့သည် ကမ္ဘာဦးလူမျိုးကြီးတစ်မျိုး ဖြစ်သည်။ အသားဖြူ၊ အသားဝါ၊ အသား မည်းဟူ၍ ရှိသည့်အနက် အာရိယန်တို့သည် အသာဖြူလူမျိုး တစ်မျိုးဖြစ်သည်။ အခြား အသားဖြူ လူမျိုးကြီး နှစ်မျိုးမှာ ဟမ်းမိုက်လူမျိုးနှင့် ဆီးမိုက်လူမျိုးတို့ ဖြစ်ကြသည်။ အာရိယန်တို့ကို အင်ဒို-ဥရောပလူမျိုး၊ သို့မဟုတ် အင်ဒို-ဂျာမန်လူမျိုးဟုလည်း ခေါ်သည်။ ကမ္ဘာဦး လူမျိုးတို့သည် အာရှတိုက်၌ စတင်ပေါက်ပွားခဲ့ကြသည်သာ ဖြစ်ပေရာ လူဖြူလူမျိုးတို့၏ မူလဌာနေသည်လည်း အာရှတိုက် ဖြစ်ပေသည်။ အာရိယန်တို့ သည် အာရှတိုက်အလယ်ပိုင်း ကက်စပျန်ပင်လယ်၏ အရှေ့ဘက် ဟိန္ဒူကတ်ရှတောင်တန်းနှင့် ပါရိုပါမိုင်း ဆတ် တောင်တန်းတို့၏ မြောက်ဘက်ဒေသများ၌ နေထိုင်ခဲ့ကြသည်။ အာရိယန် လူမျိုးတစ်စုတစ်စုတွင် အကြီးအကဲတစ်ဦးစီ ရှိသည်။ ထိုအကြီးအကဲ၏ အဆက်အနွယ်များသာလျှင် အကြီးအကဲ၏ ရာထူးကို ဆက်ခံရသည်။ အာရိယန်တို့ ပြောဆို သုံးနှုန်းသော ဘာသာစကားသည် သက္ကတ ဘာသာစကား ဖြစ်သည်။ နှစ်ပရိစ်ဆေဒကြာမြင့်လာသောအခါ လူဦးရေ တိုးပွားလာသဖြင့် အနေအထိုင် ကြပ်တည်း ကျဉ်းမြောင်းလာသည်။ စားနပ်ရိက္ခာရှာဖွေရန် မလွယ်ကူဖြစ်လာသည်။ ထို့ကြောင့် မိမိတို့၏ ဇာတိဌာနေကို စွန့်ခွာ၍ ရေကြည်ရာမျက်နုရာသို့ တစ်သုတ်ပြီးတ...