အလွန်ရှေးကျသော မုနိတစ်ဆူ

အလွန်ရှေးကျတဲ့ မုနိတဆူ ::::::::::::::::::::::::::::::::::::::: AD.၇၆၉.မှာ သိင်္ဂစန္ဒြားနဲ့ သုဝဏ္ဏဒေဝီစောပြည့်ညိုရဲ့သား စူဠစန္ဒြား နတ်ရွာစံတော့ ဝေသာလီပြည်ကြီး တခုလုံး တစစီပျက်စီးသွားပါတယ်။ အမြကူတို့ ၃ယောက်က နိုင်ငံ့အာဏာကို သိမ်းယူဖို့ အဆင့်ဆင့် ကြိုးစားလာကြတယ်။ နန်းတွင်း ပညာရှိတွေက တော်ဝင်မိသားစုနဲ့ သူတို့၃ယောက်ကြားမှာ နိုင်ငံတော် ပျက်စီး မသွားရအောင် ထိမ်းဖို့ ကြိုးစားကြတယ်။ အမြကူ သား ပဲဖြူကို စူလစန္ဒြားမိဖုရားနဲ့ လက်ဆက်ပြီး နန်းတင်ကြတယ်။ ငြိမ်းချမ်းရေး တခု ပြုလုပ်လိုက်တဲ့ သဘောပေါ့။ ဒါပေမယ့် ကံကြမ္မာက မျက်နှာသာ မပေး။ နိုင်ငံကို ၁၇နှစ်ပဲ ထိမ်းနိုင်ခဲ့တယ်။ ပဲဖြူ နတ်ရွာ စံသွားတော့ ဝေသာလီဟာ အိမ်ထောင်ဦးစီး မရှိတဲ့ မုဆိုးမ အိမ်လို ဖြစ်သွားခဲ့တယ်။ ဒါကို အခွင့်ကောင်းယူပြီး * မေတ္တယျ ရုပ်တု၊ ရွှေဆင်းတု ပြောင်ပြောင်၊ အတောင် ရှစ်ဆယ်၊ ကြီးကျယ် နှင့်နှင့်၊ လွှားလွှား မြင့်ကို၊ ဖိုကျင့် ထိုး၍၊ ရသေ့မြို့ အားလုံး၊ ယူကြသုံးသဖြင့်၊ သုဉ်းဖူးသည် တဝ... (ရာဇောဝါဒကျမ်း) (ဦးဖိုးကျား...