Posts

Showing posts with the label အာနန္ဒစန္ဒမင်းကျောက်စာ (ဂါထာ-၃၃)ပါ မင်းအမည်သည် “မဟာဝီရမင်း” မဟုတ်ကြောင်းရှင်းလင်းချက်

အာနန္ဒစန္ဒမင်းကျောက်စာ (ဂါထာ-၃၃)ပါ မင်းအမည်သည် “မဟာဝီရမင်း” မဟုတ်ကြောင်းရှင်းလင်းချက်

Image
အာနန္ဒစန္ဒမင်းကျောက်စာ (ဂါထာ-၃၃)ပါ မင်းအမည်သည် “မဟာဝီရမင်း” မဟုတ်ကြောင်းရှင်းလင်းချက် ******************************************* ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှိ “အာနန္ဒစနြ္ဒမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာ”တွင် ရခိုင်ဝေသာလီတွင် စိုးစံခဲ့သော မင်းဆက်သုံးဆက် ရေးထိုးပါရှိသည်။ ပထမမင်းဆက်သည် (ဂါထာ-၃)မှ (ဂါထာ- ၁၇)ထိဖြစ်ပြီး၊ ထိုမင်းဆက်၌ မင်း(၁၅)ပါး ရှိသည်။ ပထမမင်းဆက်တွင် အစဦးဆုံး မင်းအမည်မှာ ပျက်နေပြီး နောက်ဆုံးမင်းအမည်မှာ “လင်္ကီမင်း” ဖြစ်သည်။ ထိုမင်း(၁၅)ပါးတို့၏ နန်းစံနှစ်ကို  (ဂါထာ-၁၈)တွင် “ တစ်ထောင်နှစ်ထက် ဆယ်ခြောက်ခါ ပိုသည်” (၁၀၆၀) ဟူ၍ ရေး ထိုးပါရှိသည်။  ဒုတိယမင်းဆက်သည် (ဂါထာ-၁၉)မှ (ဂါထာ-၃၁)ထိဖြစ်သည်။  ဤမင်းဆက်တွင် ဒွင်္စနြ္ဒမင်းမှ  အစပြုကာ ဓရိတိစနြ္ဒမင်းထိ မင်း(၁၃)ပါး ရှိသည်။ ထိုမင်းတို့၏ နန်းစံနှစ်ပေါင်းကို (ဂါထာ-၃၂) တွင် “ တစ်ရာနှစ်ခါထက် သုံးဆယ်ပိုသည်” (၂၃၀) ဟုရေးထိုးထားသည်။ တတိယမင်းဆက်သည် (ဂါထာ-၃၃) မှ (ဂါထာ-၄၅) ထိဖြစ်သည်။ တတိယမင်းဆက်တွင် ဓမ္မရာဇမင်းမှ အစပြု ကာ အာနန္ဒစနြ္ဒမင်းထိ မင်း(၉)ပါး ရှိသည်။ ကျောက်စာတွင် ရေးထိုးပါရှိသည့် ထိုမင်းတို့၏ နန်းစံနှ...