လွတ်ငြိမ်းချမ်းသာအစ အာနန္ဒစန္ဒြမင်းက

လွတ်ငြိမ်းချမ်းသာအစ အာနန္ဒစန္ဒြမင်းက =========================== ပြတျဟံ နေ့စဉ်မပြတ် ၊ ဂါသာယံ တရားခမ်းမကြီး၌ ၊ သတြံ စည်းဝေးတိုင်ပင်ခြင်းကို ၊ သဒါ အခါခပ်သိမ်း၊ ပြ၀တ္တိတမ် အမြဲလုပ်လေ၏ ။အတိဝဓျာဂ္စ အလွန်သေထိုက် သတ်ထိုက်သော သူတို့ ကိုလည်း ၊ဂရုဏျာ သနားကြင်နာစွာဖြင့် ၊ ဘက္တ ထမင်းအစာ၊ ပြာဏိနော သောက်ရေပေးကာ၊သဒါး အခါခပ်သိမ်း၊ မောစိတာ လွှတ်တော်မူလေသည်။ ************************************ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၅၈)သည် အာနန္ဒစန္ဒြမင်းကျောက်စာ၏ စာကြောင်းရေ (၅၉-၆၀)တွင်ရှိ သည်။ အာနန္ဒစန္ဒြမင်းကြီးသည် မင်းတကာ့မင်းတို့ ပြုနိုင်ခဲ့သော သမိုင်းဝင်ဘာသာရေး ပွဲတော်ကြီးဖြစ်သော သင်္ဂါယနာတင်ပွဲကို ကျင်းပပြီး ၊ အထူးထူးအပြားပြား များပြားစွာသောကုသိုလ် ကောင်းမှုများကို အလွန်စင်ကြယ်သောစိတ်ဖြင့် ပြုလုပ်ခဲ့သည့်ကြောင်းကို ဂါထာပုဒ်(၄၅)မှ (၅ရ)ထိတွင် ရေးထိုးပါရှိသည်။ ** ယခု ဤဂါထာတွင် အာနန္ဒစန္ဒြမင်းကြီးသည် ဒါန သီလ ကုသိုလ် ကောင်းမှု များကို အမြဲပြုလုပ်နေသူဖြစ်သောကြောင့် အကုသိုလ် အမှုဖြစ်သည့် သူ တစ်ပါးအသက်ကို သတ်ခြင်း ၊ ပုတ်ခြင်း ၊နှိပ်စက်ခြင်းများကို လုံးဝ ေ...