Posts

Showing posts with the label ၅နှစ်သားနဲ့ မြန်မာတပြည်လုံးဟိုးလေးကျော်ခဲ့သူ (သို့) ပိဋကတ်မောင်ထွန်းကြိုင် အကြောင်း

၅နှစ်သားနဲ့ မြန်မာတပြည်လုံးဟိုးလေးကျော်ခဲ့သူ (သို့) ပိဋကတ်မောင်ထွန်းကြိုင် အကြောင်း

Image
၅နှစ်သားနဲ့ မြန်မာတပြည်လုံးဟိုးလေးကျော်ခဲ့သူ (သို့) ပိဋကတ်မောင်ထွန်းကြိုင် အကြောင်း  ရေးသားသူ – ဆရာမင်းယုဝေ လွန်ခဲ့သော နှစ်ပေါင်း ၉ဝ-ကျော်ခန့်က မြန်မာဗုဒ္ဓဘာသာ လောက၌ ထူးခြားသော သူငယ်ကလေးတဦး ပေါ်ပေါက်ခဲ့ဖူးသည်။ သူသည် ဓမ္မကထိက မောင်ထွန်းကြိုင် ခေါ် ပိဋကတ် မောင်ထွန်းကြိုင် ဖြစ်သည် အသက် ၅-နှစ်ခန့် အရွယ်မျှနှင့်ပင် လူထုပရိသတ် ရှေ့မောက်၌ တရားဟောပြောနိုင်သည်။ သူဟောသော တရားမှာလည်း အလွန် နက်နဲသိမ်မွေ့သော ဗုဒ္ဓတရားတော် ဖြစ်သည်။ “လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်းတိုင်တိုင် ပါရမီဖြည့်မှ ရ၍၊ သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ဟောကြားတော် မူအပ်သော တရားတော်ကို ရိုရိုသေသေ နာကြပါခင်ဗျား။ ကျွန်တော် မောင်ထွန်းကြိုင်ကလေးကို မရိုသေကြပါနှင့် ခင်ဗျား’ဟူ၍ အစချီကာ ဟောပြောသည်။ ဟောပြောရာ၌ ဒုစရိုက် ၁ဝ-ပါး၊ ပုညကြိယာ ၁ဝ-ပါး၊ ပါရမီ ၁၀-ပါး၊ ဒွတ္တိံသ ၃၂-ပါး၊ ခန္ဓာ ၅-ပါး၊ ဗောဓိပက္ခိယတရား ၃၇-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ လက္ခဏရေး ၃-ပါး၊ အပါယ် ၄-ပါး၊ စေတီ ၄-ပါး၊ ဂုဏ်တော် ၉-ပါး စသည်တို့ကို ပါဠိဘာသာနှင...